(Unicode)
"အူးးဝါးး ဆိုးလ်ရဲ့လေထု"
မြို့ထဲကိုဝင်ဝင်ချင်းပဲရှိသေးတယ် Sehunနဲ့Chanyeolက ကားထဲကနေခေါင်းထွက်ပြီး ဆိုးလ်မြို့ရဲ့အငွေ့အသက်ကို အားရပါးရရှုရှိုက်တယ်။အရမ်းတွေ ပျော်မြူးနေပုံရတဲ့ထိုနှစ်ယောက်က ကားအပြင်ဘက်ကို ခန္တာကိုယ်တစ်ပိုင်းကျွံထွက်နေပြီမို့ ကျွန်တော်နဲ့Baekhyun ဆက်ကြည့်မနေနိုင်တော့ပဲ အထဲကိုပြန်ဆွဲချရတယ်။
ကားအနောက်ခန်းက Baekhyunက ပြသနာမရှိပေမယ့် ကျွန်တော်ကတော့ ကားမောင်းနေရင်း Sehunကိုလိုက်ဆွဲရတာမို့ အဆင်မပြေလှ။
"Oh Sehun...ဟိုဘက်လမ်းကြောင်းကလာတဲ့ကား ဖြတ်တိုက်သွားရင် မင်းခေါင်းပြတ်မှာနော်"
Sehunက ကားအပြင်ဘက်ကလေထုကို ရှုလို့မဝသေးပုံရပေမယ့် ချက်ချင်းပဲ နေရာတကျပြန်ထိုင်လိုက်ပြီး ကျွန်တော့်ကိုရီပြတယ်။
"Jonginမကြိုက်ရင် ကိုယ်မလုပ်ဖူး"
နုယွနေတဲ့သူ့လေသံနဲ့ ရွှန်းရွန်းစားစားသူ့အကြည့်မှာ ကျွန်တော် မဆိုသလောက်ရှက်သွားရင်း လုပ်ချောင်းတစ်ချက်ဟန့်ကာ သူ့ကိုအကြည့်လွှဲလိုက်တယ်။ဘယ်လောက်ပဲ ရည်းစားဖြစ်သွားပြီပြောပြော သူငယ်ချင်းဆိုတဲ့စိတ်ကို မဖျောက်နိုင်သေးဘူး။
ပြီးတော့အခုက နှစ်ယောက်တည်းရှိနေတာလဲမဟုတ်ဖူး။ကားနောက်ခန်းမှာ ငမွှေထိုးနှစ်ယောက်က မိန့်မိန့်ကြီးထိုင်နေသေးတယ်။နောက်ကြည့်မှန်ထဲကို ကျွန်တော်ကြည့်လိုက်တဲ့အခါ စချင်နောက်ချင်နေတဲ့ Baekhyunနဲ့Chanyeolရဲ့ ထူးဆန်းတဲ့အကြည့်တွေနဲ့ ရင်ဆိုင်ရတယ်။
"Park Chanyeol..မင်းခေါင်းပြတ်မယ်နော်"
"Baekhyunမကြိုက်ရင် ကိုယ်မလုပ်တော့ဘူး"
လွန်ကဲနေတဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ကြားတဲ့သူတိုင်း မူးမေ့လဲလောက်မည့် ချွဲပစ်ပစ်စကားသံတွေက ထိုနှစ်ယောက်ဆီကနေ တရစပ်ထွက်လာတဲ့အခါ ကျွန်တော် သေချင်ဆော်နံသွားတယ်။ထင်တယ် ဒီလိုဖြစ်မယ်ဆိုတာ ထင်ပြီးသား..
"မင်းတို့နှစ်ယောက် ငါ့ကိုလိုက်စမနေပဲနဲ့ မင်းတို့ရဲ့ခိုးကြောင်ခိုးဝှက်ဇာတ်လမ်းကို ငါ့ကိုပြောပြဖို့လုပ်ကြပါ့လား....ဟမ်"
YOU ARE READING
Friend Zone's Benefits(Z+U)