(Unicode)
ည12နာရီဆိုတဲ့အချိန်က နည်းတော့တာမဟုတ်ဖူး။ပုံမှန်သာဆို နှစ်နှစ်ချိုက်ချိုက်အိပ်မောကျနေလောက်ပြီဆိုပေမယ့် အခုတော့ ကျွန်တော့်မျက်ဝန်းတွေက ပြူးကျယ်ဝိုင်းစက်နေတုန်းပဲ ရှိသေးတယ်။Jonginနဲ့ရှေ့ဆက်ရမယ့်ခရီးလမ်းအကြောင်းကိုတွေးရင်း စိတ်မောပြီးအိပ်မပျော်နိုင်ဖြစ်ရသလို ကျွန်တော့်ဘေးနားကနေ ကျွန်တော့်ကိုတက်ခွထားတဲ့ Kim Minseokနဲ့Byun Baekhyunကြောင့်လည်း စိတ်ညစ်ပြီး အိပ်မပျော်နိုင်ဖြစ်ရတယ်။
အတော်အသင့်ကျယ်တဲ့ကျွန်တော့်အခန်းက အခုတော့ အရမ်းကို ပြည့်ကျပ်နေသလိုခံစားရတယ်။Park Chanyeolနဲ့Kim Jongdaeကလည်း အခန်းထောင့်က ဆိုဖာခုံရှည်ပေါ်မှာ သရေတမြားမြားနဲ့ တခေါခေါဟောက်နေသေးတယ်။
ရင်ဘတ်ပေါ်ကိုဖိထားတဲ့အလေးအပင်တွေကြောင့် အသက်တောင်ဝဝမရှူနိုင်တော့တာမို့ ဖြည်းဖြည်းချင်း Baekhyunနဲ့Minseokကိုတွန်းထုတ်လိုက်တဲ့အခါ အိပ်မောကျနေတဲ့နှစ်ယောက်ဟာ တအင်းအင်းတအဲအဲနဲ့ညည်းညူပြီးနောက် တခြားတစ်ဖက်ကိုလှိမ့်သွားတယ်။
လွတ်မြောက်သွားတဲ့ခံစားချက်ကြောင့် ကျွန်တော် သက်ပျင်းချလိုက်ပြီး ဒီအခန်းထဲကနေအမြန်ဆုံးထွက်သွားဖို့ရာအတွက် ကုတင်ပေါ်ကနေအမြန်ဆင်းဖို့ကြံရွယ်လိုက်သည့်တိုင် ဟန့်တားထားသည့် တစ်စုံတစ်ရာကရှိနေပြန်သည်။
ကျွန်တော့်သူငယ်ချင်းတွေက မဟုတ်ကဟုတ်ကနေရာတွေမှာ သိပ်ကိုအကြံကောင်းဉာဏ်ကောင်းထွက်ကြသည်။ဒါမှမဟုတ် ဇာတ်လမ်းတွေ အကြည့်များတာလည်းဖြစ်နိုင်သည်။ဘယ်ဇာတ်လမ်းထဲက ခိုးချလာသလဲမသိတဲ့ဇာတ်ကွက်ကို အခုလည်း သုံးထားပြန်ပြီ...
"သိပ်ကိုတတ်နေလိုက်ကြ"
မကျေမချမ်းရေရွတ်လိုက်ပြီး ကျွန်တော့်ခြေထောက်တွေနဲ့ Baekhyunနဲ့Minseokရဲ့ခြေထောက်တစ်ဖက်ဆီကို ပူးချည်ထားတဲ့ကြိုးဆီကို ကျွန်တော်လက်လှမ်းလိုက်တယ်။ဘဝက ပြေးပေးဆွဲခံထားရသလိုပါပဲ။
အထပ်ထပ်အခါခါချည်ထားတဲ့ကြိုးထုံးဟာ တော်တော်နဲ့ဖြည်လို့မလွယ်တာမို့ ကျွန်တော့်စိတ်က ပိုတိုလာတယ်။ကြိုးစားပမ်းစားနဲ့ ဖြည်လို့ပြီးသွားချိန်မှာတော့ ကျွန်တော့်ခြေကျင်းဝတ်တွေဟာ နီရဲနေခဲ့ပြီ။အရမ်းကို လက်စားချေချင်လာတာမို့ အဲ့ဒီနှစ်ယောက်လုံးရဲ့ခြေထောက်တွေကို ပူးပြီးချည်ခဲ့ပြီးမှ ကျွန်တော် ကုတင်ပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။
YOU ARE READING
Friend Zone's Benefits(Z+U)