(Unicode)
"တောင်းပန်ပါတယ်ဗျာ...တောင်းပန်ပါတယ်ဗျာ..
နောက်မဖြစ်စေရပါဘူး"Kimမျိုးနွယ် ညီအစ်ကိုနှစ်ယောက်ရဲ့ ခါးကျိုးမတတ်တောင်းပန်မှုအပြီးမှာတော့ အနှီးရာဇဝတ်သားနှစ်ယောက်ကို ရဲစခန်းကနေ ခေါ်ထုတ်လာနိုင်ခဲ့ပြီ။
"Jongin...ငါသွားတော့မယ်...ဟိုZhang Yixing!!လာခဲ့ ပြန်မယ်"
Junmyeon hyungရဲ့ခက်ထန်နေတဲ့အော်သံကြောင့် Yixing hyungက ဇာတ်ခလေးပုသွားပြီးမှ မျက်နှာငယ်လေးနဲ့ တွန့်ဆုတ်တွန့်ဆုတ်လိုက်သွားတယ်။ဒါတောင် ရိုးရိုးလိုက်မသွားပဲ အနောက်ကိုလှည့်ကြည့်ပြီး Oh Sehunကို လက်ဟန်ခြေဟန်နဲ့ ဖုန်းခေါ်ဖို့ ပြောသွားသေးတာ။
ကျွန်တော်ကတော့ အတတ်နိုင်ဆုံး စိတ်ကိုလျော့ချရင်း လူကြားသူကြားထဲမှာ Oh Sehunကို ဆွဲမထိုးမိစေဖို့ ထိန်းချုပ်ထားတယ်။အနည်းဆုံးတော့ ရဲစခန်းရှေ့မှာပဲ ရှိနေသေးတယ်လေ။
ဘယ်လိုတွေလုပ်လို့ ဓားပြတွေပါဆိုတဲ့ ဆွဲချက်နဲ့ ရဲစခန်းအထိ ရောက်ရတာလဲ။တကယ်ပဲ ဘယ်လိုတွေများ ခိုးကြောင်ခိုးဝှက်လုပ်ခဲ့လို့လဲ။
အသက်ကိုပြင်းပြင်းရှူထုတ် နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး စိတ်ကိုထိန်းထားပေမယ့် အနောက်ကနေ ကုတ်ကုတ်လေးပါလာတဲ့ သူ့ကို ဘယ်လိုမှသည်းမခံနိုင်တော့တာမို့ စခန်းကျော်တာနဲ့ ကျွန်တော် ဝုန်းခနဲလှည့်ကြည့်လိုက်တော့ သူက အလန့်တကြားတွန့်သွားတယ်။
"မင်းတကယ် ဘာတွေလုပ်ခဲ့တာလဲ!"
မထုံတတ်တေးမျက်နှာပေးနဲ့Sehunဟာ ကျွန်တော့်ကိုမျက်လုံးလှန်ကြည့်လာပြီး နှုတ်ခမ်းက မသိမသာဆူထွက်လာတယ်။
"မင်းကိုစိတ်မချလို့လေ"
"စိတ်မချရအောင် ငါက ဘာလုပ်နေလို့လဲ!ငါ မင်းကိုသေချာပြောခဲ့တယ်မို့လား...အဲ့မိန်းခလေးကို ငါငြင်းခဲ့ပါမယ်လို့...အခု မင်းလုပ်တာကိုကြည့်ဦး"
"ဒါမယ့် မင်းက ချက်ချင်းမငြင်းခဲ့ဖူးလေ"
"ချက်ချင်းငြင်းလို့ရမလား...ငြင်းချင်ရင်တောင် Timingဆိုတာ ရှိတယ်လေ Timing"
YOU ARE READING
Friend Zone's Benefits(Z+U)