(18)

754 151 52
                                    

(Unicode)










"ငါ့အထင် သူတို့ကိုလွတ်ထားတာ လုံလောက်နေပါပြီ..သွားပြန်ခေါ်လာသင့်ပြီမဟုတ်ဖူးလား"

Baekhyunရဲ့အသံက တိုးညှင်းညှင်းလေးဖြစ်ပြီး လွမ်းဆွတ်နေဟန်လည်း ပေါက်တယ်။ကျွန်တော် ဆိုဖာပေါ်မှာ လေးလံစွာထိုင်နေရင်းကနေ မီးဖိုချောင်ထဲကို လှမ်းကြည့်မိတယ်။အရင်တုန်းကဆို Sehunက မီးဖိုချောင်ထဲ အမြဲ ပေါက်ကရတွေလုပ်နေတတ်တာ။

‌စိတ်အေးသွားတဲ့အချိန် ‌ပြန်တွေးကြည့်တော့လည်း ဖြစ်ခဲ့သမျှက ဘာမှ မပြောပလောက်တဲ့ အရာတွေပဲ။ရေရေရာရာ ဘာအကြောင်းမှမရှိပဲ ဒီလိုဖြစ်ပျက်ကုန်ကြတာ။တစ်ယောက်ယောက်က အလျော့ပေးလိုက်ရင် ဒီအတိုင်းပြီးသွားမယ့်ကိစ္စပေမယ့် ခက်တာက ဘယ်သူကမှ အလျော့မပေးချင်တာပဲ။

အကျိုးရလဒ်ကတော့ အချင်းချင်း နှစ်ပတ်လောက်ဝေးကွာနေရတဲ့အပြင် စိတ်တွေကလည်း ညှင်းသိုးသိုးဖြစ်လာတယ်။အရင်လို အိပ်ချိန်တိုင်း ပွတ်သီးပွတ်သပ်လုပ်မဲ့သူ မရှိတော့လို့ ကောင်းကောင်းအိပ်ပျော်မယ်ထင်ခဲ့ပေမယ့် လက်တွေ့မှာ တစ်ခုခုလစ်ဟာနေသလို ခံစားရတယ်။

လွမ်းတာ..ဟုတ်တယ် လွမ်းနေတာ။မဖြစ်နိုင်လိုက်တာ။ကျွန်တော် မျက်စိကိုတင်းတင်းမှိတ်လိုက်ပြီး ခေါင်းကိုခပ်ကြမ်းကြမ်းခါပစ်လိုက်တယ်။ဘာကိုလွမ်းတာလဲ။ရူးနေလို့လား..

စိတ်ထဲကနေ သူ့ကို ကန်ထုတ်လိုက်ပေမယ့် ချက်ချင်းပဲ ပြန်ဝင်လာတယ်။ကျွန်တော်တော့ ရူးတော့မယ် ထင်တာပဲ။ခေါင်းကိုအကြမ်းပတမ်း ကုတ်ခြစ်မိတော့ Baekhyunက တစ်ဖက်ထိုင်ခုံကနေ လှမ်းကြည့်လာတယ်။

"ဟင်လို့Jongin...ငါတို့ သွားပြန်ခေါ်ကြမယ်လေ"

ကျွန်တော် ရှုပ်ထွေးနေတဲ့အတွေးတွေကြောင့် Baekhyunကိုလက်ကာပြလိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။

"ခဏလေးBaekhyun..ခဏလေး ငါသေချာ တွေးဖို့လိုတယ်..."

လက်သည်းတစ်ဖက်ကိုကိုက်ရင်း ဧည့်ခန်းထဲကို ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်မိတော့ Baekhyunက အစအဆုံးလိုက်ကြည့်ပြီး ခေါင်းမူးသွားပုံရကာ မျက်နှာလွှဲသွားတယ်။

Friend Zone's Benefits(Z+U)Where stories live. Discover now