(Unicode)
"ငါ့အစီအစဉ်ကို မင်းတို့အားလုံး နားလည်တယ်မှတ်လား"
ကျွန်တော်ကလွဲရင် ကျန်တဲ့သူငယ်ချင်းတွေအားလုံး Kim Jongdaeရဲ့စကားကို နားလည်ကြတဲ့ပုံပဲ။ကျွန်တော်ကတော့ ငူငူကြီးထိုင်နေမိပြီး ကျွန်တော်အခု ဒီနေရာမှာ ဘာလုပ်နေမိတာလဲဆိုတာကို ပြန်တွေးတောနေမိတယ်။
ဒီနေ့က Kim Jongdaeမွေးနေ့။ကျွန်တော်တို့အဖွဲ့ရဲ့ မူပိုင်နေရာလို့ပြောလို့ရတဲ့ ကာရာအိုခေခန်းမှာပဲ ကျွန်တော်တို့ရှိနေကြတာ။ဒီတစ်ခေါက်လည်း Kim Minseokမပါပြန်ဘူး။မဟုတ်သေးဘူး မပါတာထပ် ရောက်မလာသေးတာ။
"Jongin ငါပြောတာကြားတယ်မှတ်လားလို့...မင်း ထမဖောက်နဲ့နော်"
ကျွန်တော် ဘာမှပြန်မဖြေပဲ မျက်နှာကို တစ်ဖက်ကို လွှဲပစ်လိုက်တယ်။ကျွန်တော့်မှာ အခုထိ သူ့ကို လက်ခံပေးဖို့တောင် ခက်ခဲနေသေးတာကို သူMinseokကို ဖွင့်ပြောမယ့်ကိစ္စကိုပါ ကူညီရဦးမှာလား။
"Kim Jongin ငါပြောတာကြားလားလို့!!!"
"ကြားတယ် ကြားတယ်!!ရပြီလား ဘာဖြစ်နေတာလဲ"
"ပြီးတာပဲ"
ပုခုံးတစ်ချက်တွန့်ပြရင်း ဟိုဘက်လှည့်သွားတဲ့Kim Jongdaeကိုကြည့်ပြီး ကျွန်တော် အံ့ဩစွာနဲ့ ဟက်ခနဲတစ်ချက် အသံထွက်လိုက်တယ်။အကူအညီတောင်းတဲ့လူကလည်း အထက်စီးဆန်လိုက်တာ။
အဲ့ဒါထပ်...ကျွန်တော်ကလွဲရင် ကျန်တဲ့သူငယ်ချင်းတွေအကုန်လုံးက ဒီကိစ္စကို တော်တော်အားကြိုးမာန်တက်ဖြစ်နေကြသလိုပဲ။Chanyeolနဲ့Baekhyunက ဘောလုံးတွေကိုအားရပါးရမှုတ်နေပြီး Sehunကတော့ Minseokကိုပေးမယ့်ပန်းစီးကို သေချာပြင်ဆင်ပေးနေတယ်။
နေပါဦး...Kim Jongdae gayသွားတဲ့ကိစ္စက သူတို့အတွက် တော်တော်ကြီးကို သာမန်လိုဖြစ်နေတာလား
"Jongin ကစားနည်းကိုမမေ့နဲ့နော်"
Jongdaeတစ်ယောက် နောက်စံတင်းတဲ့ပုံစံနဲ့ နောက်တစ်ခေါက်ထပ်ပြောလာတဲ့အခါ ကျွန်တော် ဘေးနားက ကူရှင်နဲ့ သူ့ကိုကောက်ပေါက်လိုက်တယ်။
The King game။ကဒ်တွေအများကြီးထဲကနေ King ကဒ်ကို ရွေးမိတဲ့သူက ကြိုက်တဲ့သူကို ကြိုက်တာခိုင်းလို့ရတဲ့ဂိမ်း။ငယ်ငယ်တုန်းက ပျော်ပျော်ကြီး ဆော့ခဲ့ရတဲ့ဂိမ်းက အခုတော့ Kim Jongdaeရဲ့မသမာမှုတွေကို ပံ့ပိုးပေးမယ့် ဂိမ်းဖြစ်လာရပြီ။
YOU ARE READING
Friend Zone's Benefits(Z+U)