(23)

794 140 12
                                    

(Unicode)






မနက်မိုးလင်းလင်းချင်း ကသိကအောက်နိုင်တဲ့အခြေအနေနဲ့ကြုံရမယ်လို့ မထင်ထားမိခဲ့ဖူး။ကျွန်တော် စကားစရှာမရတာမို့ သူ့ကိုမဝံ့မရဲခိုးခိုးကြည့်ပေမယ့် သူကတော့ တခြားကိုပဲ အကြည့်တွေပို့ထားတယ်။

တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့နေရခက်မှုကို ကျွန်တော်သည်းမခံနိုင်တော့တာမို့ ထွက်သွားဖို့ဖင်ကြွလိုက်ပေမယ့် Sehunက ဆတ်ခနဲလှည့်ကြည့်လာတာမို့ အလိုလို ပြန်ထိုင်မိသွားတယ်။သူ့အကြည့်တွေအရ ထွက်သွားရဲထွက်သွားကြည့်လို့ ပြောနေတဲ့အတိုင်းပဲ။

"ဘာလို့ အဲ့လိုလုပ်ရတာလဲ"

အချိန်တွေအများကြီးယူပြီးတော့ ပြောလာတဲ့စကားက ဒါကြီးလား။ကျွန်တော် အစကတော့ သူ့ကိုကြောက်မိသေးပေမယ့် ဒီမေးခွန်းကိုကြားလိုက်ရတော့ အဲဒီ့နေ့ကခံစားခဲ့ရတဲ့ခံစားချက်တွေက တဖန်ပြန်ဝင်လာတယ်။

ကျွန်တော် နာနာကျည်းကျည်းနဲ့ပဲ နံရံပေါ်က Kim Taewooရဲ့posterကို လက်ညိုးထိုးပြလိုက်တယ်။

"ဒါမျိုးတွေကြောင့်ပေါ့ ဒါမျိုးတွေကြောင့်"

Sehunက ကျွန်တော်လက်ညိုးညွှန်ရာအတိုင်းလိုက်ကြည့်ပြီးနောက် မျက်မှောင်ကြီးကုတ်ပြီး ကျွန်တော့်ကိုကြည့်လာတယ်။သူ့အပြုအမူကြောင့် ကျွန်တော် ပိုပြီး ခံရခက်သွားတယ်။

"ကြည့်လေ ကြည့်လေ...မင်းက မင်းရဲ့Taewooကိုလက်ညိုးထိုးမိလို့ ငါ့ကို မျက်ထောင့်နီကြီးနဲ့ကြည့်နေတယ်မို့လား အခု"

Sehunရဲ့မျက်နှာအမူအရာက တစ်မျိုးတမည်ပြောင်းသွားပြီး သူက မျက်လုံးစုံမှိတ်ကာ အသက်ကိုမှန်မှန်ရှူသွင်းနေတယ်။

"ဪ မင်းက ငါ့ကိုတစ်ခုခုမလုပ်မိအောင် စိတ်တောင်လျော့နေရပြီပေါ့လေ"

ကျွန်တော့်ရဲ့စကားကြောင့် သူက ဆွံ့အသွားသလိုမျိုး ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီးမှ စောနကလိုမျိုး မျက်လုံးမှိတ်ပြီး အသက်ရှူပြန်တယ်။

"အရမ်းရိုက်ချင်နေတဲ့ပုံပဲနော် နှစ်ခါတောင် စိတ်လျော့နေရတယ်ဆိုတော့"

Friend Zone's Benefits(Z+U)Where stories live. Discover now