(2)

1.3K 221 37
                                    

(Unicode)







၂၀၁၀ခုနှစ်...ဇူလိုင်လ ၂၃ရက်
တည်နေရာ>>>>>ဒယ်ဟန် အလယ်တန်းကျောင်း....

"ခြောက်လုံးကွ"

"နှစ်လုံးကွ"

"ခြောက်လုံးလို့ဆိုနေ"

"နှစ်လုံးပါဆိုနေမှ"

အတန်းထဲ ဝင်ဝင်လိုက်ချင်းမှာပဲ မျက်နှာချင်းဆိုင်ပြီး အသည်းအသန်ငြင်းခုံနေကြတဲ့ Park Chanyeolနဲ့ Byun Baekhyunကို ကျွန်တော်တွေ့လိုက်ရတယ်။ကြည့်ရတာ မနေ့က ဆရာမေးလိုက်တဲ့ ခွေးမတစ်ကောင်မှာ နို့ဘယ်နှစ်လုံးရှိတာလဲဆိုတဲ့မေးခွန်းကို ငြင်းခုံနေကြတဲ့ပုံပဲ။

Oh Sehunတစ်ယောက်ကတော့ ထိုနှစ်ယောက်ရဲ့အလယ်မှာ စိတ်ပျက်လက်ပျက်နဲ့ထိုင်နေပြီး ကျွန်တော့်ကိုမြင်တော့ အားရဝမ်းသာ လက်ယက်ခေါ်တယ်။

"သူတို့မပြီးကြသေးဘူးလား"

ကျွန်တော်မေးတော့ Sehunက ‌ရှုံ့မဲ့စွာနဲ့ခေါင်းခါပြတယ်။

"ခြောက်လုံး!!!"

"နှစ်လုံးး!!!"

"ခွေးတွေမှာ နို့ခြောက်လုံးရှိတာကွ!!Byun Baekhyunရ"

"ခွေးလည်းနို့တိုက်သတ္တဝါပဲလေ!!ငါ့အမေမှာတောင် နှစ်လုံးပဲရှိတာကို သူက ဘာလို့ခြောက်လုံးရှိရမှာလဲ"

"မင်းအမေက ခြေနှစ်ခြောင်းသတ္တဝါ!ခွေးက ခြေလေးခြောင်းသတ္တဝါကွ!!မတူဘူး!!"

Park Chanyeolရဲ့‌ အကျိုးသင့်အကြောင်းသင့်စကားမှာ Baekhyunတစ်ယောက်ငြိမ်ကျသွားတယ်။မျက်လုံးလေးတွေထောင့်ကပ်ရင်း သေချာစဉ်းစားနေပုံရတဲ့Baekhyunဟာ အချိန်ခဏယူပြီးတဲ့နောက်မှာ ကျွန်တော့်ကို အားကိုးတကြီးမေးလာတယ်။

"Jongin!မင်းတို့အိမ်မှာ ခွေးလေးမွေးထားတယ်မှတ်လား!သူ့မှာ နို့ဘယ်နှစ်လုံးရှိလဲ"

ကြည့်ရတာ ကျွန်တော့်အစ်ကိုJunmyeon hyungရဲ့ခွေးလေးက ဒီနေ့အတွက် အသုံးဝင်လာတဲ့ပုံပဲ။ကျွန်တော် လွယ်အိတ်ထဲက စာအုပ်တွေထုတ်နေရင်းနဲ့  စိတ်မပါသလိုမျိုး ဖြေလိုက်တယ်

"ရိုဇီက နို့‌ရှစ်လုံးရှိတာလေ"

ခြောက်လုံးနဲ့နှစ်လုံးဆိုပြီး အသည်းအသန်ငြင်းနေခဲ့ကြတဲ့နှစ်ယောက်ဟာ သူတို့နှစ်ယောက်လုံး မှားနေတဲ့အကြောင်း သိသွားတဲ့အခါ ပါးစပ်လေးတွေဖွင့် ခေါင်းလေးတွေညိတ်ရင်း သူတို့နေရာမှာ တိတ်တိတ်လေး ပြန်ထိုင်သွားကြတယ်။

Friend Zone's Benefits(Z+U)Tempat cerita menjadi hidup. Temukan sekarang