(25)

659 127 16
                                    

(Unicode)


ကြားနေရတဲ့စကားသံတွေဟာ နီးလာလိုက်ဝေးသွားလိုက်နဲ့ မတည်မငြိမ်‌ဖြစ်နေသလို ကျွန်တော့်မျက်ဝန်းထဲက မြင်ကွင်းတွေဟာလည်း ဝေဝါးကုန်တယ်။

အပြိုင်အဆိုင် စကားနိုင်လုနေကြတဲ့ သူတို့တွေဟာ ပြောစရာစကားတွေကုန်တော့မှ ကျွန်တော့်ကိုသတိရသွားပုံပေါ်ပြီး အထိတ်တလန့်နဲ့ လှည့်ကြည့်လာကြကာ တုန်တုန်ရီရီဖြစ်ကုန်ကြတယ်

"Jongin...."

သေချာပေါက် အားလုံးထဲမှာအတုန်လှုပ်ဆုံးက Oh Sehunဖြစ်ပြီး သူ့မျက်ဝန်းတွေက တဖြည်းဖြည်းခြောက်ခြားလာကာ ကျွန်တော့်ရှေ့ကိုခြေတစ်လှမ်းတိုးလာတယ်။

"Jongin... Jongin ကိုယ်‌...ကိုယ်လေ"

ကျွန်တော့်လက်ကောက်ဝတ်ကို လှမ်းကိုင်လာတဲ့သူ့လက်ကို ကျွန်တော် မျက်တောင်မခတ်စတန်းစိုက်ကြည့်နေပြီးမှ ကျန်တဲ့လက်တစ်ဖက်နဲ့ သူ့လက်ကိုဖြည်းဖြည်းချင်းဆွဲခွာလိုက်တယ်။

ကျွန်တော့်စိတ်တွေက လက်ရှိမှာအရမ်းကို ထွေပြားနေပြီး ဒေါသထွက်ဖို့ကိုတောင်မလုပ်နိုင်တာမို့ သူ့မျက်နှာကို ငေးမောကြည့်ယုံပဲတတ်နိုင်တယ်။တုန်ရီနေတဲ့သူ့မျက်ဝန်းတွေ သူ့နှုတ်ခမ်းပါးတွေ....သူ့မျက်နှာအစိတ်အပိုင်းတွေအားလုံးကို ကျွန်တော် ငေးမောကြည့်နေမိတယ်။

"Jongin...ကိုယ်ပြောတာကိုနားထောင်ပါဦး..ကိုယ်ပြောတာကိုခဏလေးပဲနားထောင်ပေးပါ ဟုတ်ပြီလား...ခဏလေးပဲလေ"

အဆက်မပြတ် သူရေရွတ်လာတဲ့အခါ Baekhyunတို့တတွေကလည်း စိတ်ပူပန်နေတဲ့မျက်နှာတွေနဲ့အတူ ခေါင်းတွေပြုတ်ထွက်မတတ်ညိတ်ပြကြတယ်။ကျွန်တော် မျက်လုံးကိုစုံမှိတ်ချလိုက်ပြီး သူ့လက်တွေကြားထဲကနေ နောက်တစ်ခေါက် ရုန်းထွက်လိုက်တယ်။

"ငါဘာကိုနားထောင်သင့်တာလဲOh Sehun..."

တကယ်ဆို ထုတ်မပြောခဲ့သည့်တိုင် သူနဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျွန်တော့်မှာ စိုးရိမ်ပူပန်မှုတွေ သိပ်ကိုများခဲ့တာ။အတိတ်မေ့နေတဲ့သူမို့ တချိန်ချိန် သတိပြန်ရသွားခဲ့ရင် ကျွန်တော်က သူငယ်ချင်းစည်းထဲကို နောက်တစ်ကြိမ်ပြန်သွားရမှာလားဆိုတဲ့အတွေးက ကျွန်တော့်ကို အများကြီးနှိပ်စက်နေခဲ့တာ။နောက်ဆုံးတော့ ကျွန်တော်က အရူးကြီးလို အလိမ်မိနေခဲ့တာပဲ။အဲ့ဒါကလည်း အချစ်ရဆုံး အယုံကြည်ရဆုံး သူတွေဆီကနေ....

Friend Zone's Benefits(Z+U)Where stories live. Discover now