26

658 125 16
                                    

(Unicode)





"အာ..."

ပါးစပ်အကျယ်ကြီးဟပြီး ကျွန်တော်ခွံ့ကျွေးမဲ့ဆန်ပြုတ်ကိုစောင့်မျှော်နေတဲ့ Kim Minseokကိုကြည့်ပြီး ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့သက်ပျင်းအရှည်ကြီးချလိုက်တယ်။တကယ်ဆို Jonginနောက်ကိုလိုက်ပြီး ဒူးထောက်တောင်းပန်နေရမယ့်ဟာကို အခုတော့ ဒီနေရာမှာ ဒီလူမမာတွေကိုပြုစုနေရတယ်။မဟုတ်သေးဘူး ဒါကြီးကတော့....

"Oh Sehun အမြန်လုပ် ငါတို့လည်းစောင့်နေတဲ့ဟာကို"

Baekhyunရဲ့အသံထွက်လာတဲ့အခါ ကျွန်တော့်ပတ်ချာလည်မှာ ထိုင်လျက်တစ်မျိုး မှောက်လျက်တစ်ဖုံ ပုံစံအမျိုးမျိုးနဲ့ ဆန်ပြုတ်စောင့်မျှော်နေကျတဲ့လူမမာတွေကို ကျွန်တော်ဝေ့ဝဲကြည့်လိုက်ပြီး ခေါင်းတစက်စက်ညိတ်လိုက်တယ်။

"အေးပေါ့ ငါပဲပြုစုရမှာပေါ့ လူမှမရှိတာ"

ဒီနှစ်ရက်အတွင်း ဒီဟာတွေကို အစားအစာလည်းခွံ့ကျွေးရတဲ့အပြင် အိမ်သာပါလိုက်ပို့ပေးရတယ်။Byun Baekhyunက ဆေးရုံကဆင်းလို့ရနေပြီဆိုပေမယ့် အခွင့်ကောင်းယူပြီး ပေကပ်နေနေတာမို့ ဆရာဝန်တွေ အတင်းနှင်ချရတဲ့အထိပဲ။ဒါလည်း သူက ပေကပ်နေနေတုန်းပဲ...

ကျွန်တော့်မှာ စိတ်ကလည်းပျက် ဒေါသကလည်းထွက် ပစ်ထားခဲ့ချင်ပေမယ့်လည်းပစ်ထားလို့မရ။နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပတ်ချာလည်က ကလေးဆိုးကြီး လေးယောက်ကို ဆန်ပြုတ်တစ်ယောက်တစ်လှည့် လိုက်ခွံ့ရတယ်။

"ဖူးးးးးးဟေ့ကောင်..ပူ ပူတယ်ဟ...မမှုတ်ပဲ ဆက်တိုက်ခွံ့ရလား..."

Jongdaeရဲ့အသံပြဲကြီးက အခန်းထဲဟိန်းနေအောင်ထွက်လာပြီး ကျန်တဲ့သုံးယောက်ကလည်း လျှာတန်းလန်းနဲ့ ဟောဟဲဟောဟဲဖြစ်နေတယ်။ကျွန်တော် လက်ထဲကပန်းကန်ကို အရှေ့က စားပွဲပေါ် စောင့်ကာတင်လိုက်တယ်။မရတော့ဘူး သည်းမခံနိုင်တော့ဘူး...

ကျွန်တော်ဝုန်းခနဲထရပ်လိုက်တဲ့အခါ လူနာဝတ်စုံဝတ်ထားတဲ့လေးယောက်က ကြောင်တောင်တောင်လေးတွေနဲ့ မော့ကြည့်လာကြတယ်။သနားစရာမျက်နှာပေးတွေကြောင့် ထားခဲ့ဖို့ကလည်း အဲ့လောက်အသည်းမမာနိုင်ဘူး။

Friend Zone's Benefits(Z+U)Where stories live. Discover now