(5)

988 190 35
                                    

(Unicode)










နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အချိန် အဆက်မပြတ်တီးနေတဲ့ တံခါးဘဲလ်သံက ကျွန်တော့်ကို နှိုးပစ်လိုက်တယ်။အိပ်မှုန်စုံမွှားနဲ့ ကုန်းရုန်းထပြီး နာရီကိုလှမ်းကြည့်လိုက်တော့ မနက်၉နာရီ။

"ဒီလောက် အစောကြီး.."

အရမ်း အိပ်ချင်နေလွန်းလို့ မကျေမချမ်းရေရွတ်မိတဲ့အသံကတောင် အားမရှိပဲ ခပ်တိုးတိုးလေးပဲ ထွက်လာတယ်။အိမ်တံခါးဆီကို သွားနေတဲ့ခြေလှမ်းတွေကတောင် ယိုင်တိယိုင်တိုင်နဲ့...

တံခါးကို ဖွင့်လိုက်ချိန်မှာတော့ ကျွန်တော့်ရဲ့ပူပူနွေးနွေးရီးစားမလေး ဂျီယောင်းက စောင့်ကြိုနေတယ်။ဒူးအထိသာရှည်တဲ့ အဖြူရောင်ဂါဝန်ကို ဝတ်ထားတဲ့သူမက ပထမအကြိမ်တွေ့တုန်းကနဲ့တစ်ခြားဆီပဲ။နူးနူးညံ့ညံ့ မိန်းမ‌လှလေး တစ်ယောက်လို..

"ဖယ်စမ်းပါ!!နင် ငါ့ကို အိမ်ထဲပေးမဝင်တော့ဘူးလား"

ကျွန်တော့်ရင်ဘတ်ကို ဆောင့်တွန်းလိုက်ပြီး အိမ်ထဲကို ကော့တော့ကော့တော့နဲ့ဝင်သွားတဲ့သူမကြောင့် ကျွန်တော့်ရဲ့ လှတပတအ‌တွေးလေဟာ အခုပဲ ပျက်စီးသွားပြီဖြစ်သည်။ဘာကို နူးနူးညံ့ညံ့မိန်းမလှလေးလဲ...စုန်းမက စုန်းမဖြစ်နေတုန်းပဲ...

Wait!!!ဓာတ်ပုံ!!!!
ခေါင်းထဲကို အဆက်မပြတ်ဝင်လာတဲ့ အရေးပေါ်အချက်ပေးသံတွေ။ကျွန်တော် ဘာလုပ်ရမလဲမသိတာမို့ တောင့်တောင့်ကြီးရပ်နေမိတယ်။သူမက ဧည့်ခန်းအလယ်ထိ လျှောက်သွားပြီးမှ တံခါးနားကကျွန်တော့်ကိုလှည့်ကြည့်လာတယ်။

"နင် အင်္ကျီမဝတ်ထားတော့လည်း မိုက်သားပဲ...ငါ ကြိုက်တယ်"

ပြီတီတီရုပ်ကြီးနဲ့ သူမ ပြောလာတော့ ညဘက်ဆို အင်္ကျီချွတ်အိပ်တတ်တဲ့အကျင့်ကြောင့် အပေါ်ပိုင်းဗလာဖြစ်နေမှန်း ကျွန်တော်သတိရသွားတယ်။

ဒါပေမယ့် အခု အဲ့ဒါက အရေးမကြီးဘူးလေ။ကျွန်တော့်ကိုကြည့်နေတဲ့ သူမရဲ့မျက်ဝန်းတွေသာ ဘေးဘက်ကို နည်းနည်းရွေ့သွားလိုက်ရင်...ကျွန်တော့်အနောက်ကနံရံမှာ ခမ်းခမ်းနားနားချိတ်ထားတဲ့ ဓာတ်ပုံကို တွေ့သွားတော့မှာ...

Friend Zone's Benefits(Z+U)Where stories live. Discover now