(Unicode)
"မင်္ဂလာပါအန်တီ!"
ကျယ်လောင်နေတဲ့နှုတ်ဆတ်သံကြောင့် အိပ်ချင်မူးတူးနဲ့တံခါးလာဖွင့်ပေးတဲ့ Jonginရဲ့အမေက လန့်ဖြန့်သွားပြီးမျက်လုံးပါပြူးသွားတယ်။အန်တီက ကျွန်တော့်ကို နားမလည်သလိုကြည့်နေပြီးမှ အိမ်ထဲကနာရီကိုလှမ်းကြည့်လိုက်တယ်။
"ဟဲ့Sehunnnie ငါးနာရီခွဲကြီး ဘာလာလုပ်တာလဲ"
"Jonginဆီလာတာအန်တီ Jonginသူ့အခန်းထဲမှာမို့လား"
အန်တီက အူတူတူနဲ့ခေါင်းညိတ်ပြီး လမ်းဖယ်ပေးပြီးကာမှ ကျွန်တော့်အရှေ့ကနေ လမ်းပြန်ပိတ်လိုက်တယ်။
"ငါးနာရီခွဲကြီး ဘာလုပ်ကြမလို့လဲ"
ကျွန်တော် အီလည်လည်နဲ့တောင့်ဆတ်သွားတယ်။ဘယ်လိုပြန်ဖြေရမလဲ။အန်တီ့သားကို အသားယူမလို့လာတာပါလို့ပြောရင် ပါးချခံရနိုင်လား။
"ဟိုဟာ...ကျွန်တော် အိပ်မပျော်လို့..Jonginနဲ့အတူအိပ်မလို့လာတာ"
အန်တီက ကျွန်တော့်ကိုအတန်ကြာစိုက်ကြည့်နေပြီးမှ အားရပါးရရီချလိုက်ပြီး လမ်းဖယ်ပေးလာတယ်။
"Sehunကတော့လေ ငယ်ငယ်တုန်းကအတိုင်းပဲ...ဘာလို့နှစ်တွေကြာတာတောင် ဒီလိုမျိုး Jonginကိုပဲလိုက်ကပ်နေတာလဲ..မင်းဒီလိုနဲ့ ရည်းစားမထားနိုင်ရင် ဘယ်လိုလုပ်မလဲ"
ရီသံနှောနေတဲ့ အန်တီ့ရဲ့စကားတွေကို ကျွန်တော်အပြုံးလေးနဲ့သာတုန့်ပြန်လိုက်ပြီး အပေါ်ထပ်က အခန်းဆီကိုလျှောက်သွားလိုက်တယ်။အန်တီရေ ရည်းစားကထားနေပါတယ်နော်..
တခြားသူမဟုတ်ဖူး အန်တီ့သားနဲ့ အန်တီ့သား!
"ဪ ဒါနဲ့..သားSehun"
အခန်းထဲဝင်ခါနီးကြမှ အန်တီ့ဆီကခေါ်သံထွက်လာတာမို့ အောက်ထပ်ကိုလှမ်းငုံ့ကြည့်လိုက်တော့ အန်တီကပြုံးရင်းနဲ့ ကျွန်တော့်ကို...
"အိမ်passwordသိနေရဲ့သားနဲ့ နောက်နေ့တွေbellတီးမနေနဲ့တော့ ကိုယ့်ဟာကိုယ်ဝင်လာခဲ့လိုက်တော့ အန်တီခွင့်ပြုတယ်"
ဘုရားရေ!!အန်တီက သူဘာပြောနေမှန်းသိတဲ့ပုံမပေါ်ဘူး။ကျွန်တော်ကတော့ ခိုးကြောင်ခိုးဝှက်နဲ့ ကျေကျေနပ်နပ်ကြီးပြုံးလိုက်ပြီးနောက် Jonginရဲ့အခန်းထဲကို ဖြည်းဖြည်းချင်းဝင်သွားလိုက်တယ်။
YOU ARE READING
Friend Zone's Benefits(Z+U)