(Unicode)
ကွန်ဒိုက ကားပါကင်ကိုအရောက် ကားပေါ်ကဆင်းတယ်ဆိုရင်ပဲ လက်ကောက်ဝတ်ကို လာစုတ်ကိုင်တဲ့ လက်တစ်ဖက်။Sehunက မျက်လုံးလေးတွေ မှေးကျဥ်းသွားတဲ့အထိ ကျွန်တော့်ကိုရီပြနေတယ်။
စိတ်ထဲမှာ တော်တော်ကြီးကို မသက်မသာဖြစ်လာတာမို့ လက်ကိုလိမ်ပြီး ရုန်းထွက်လိုက်ပေမယ့် Sehunက ကျွန်တော့်လက်ကိုမြဲမြံနေအောင် စုတ်ကိုင်ထားဆဲ။အလိုက်ကမ်းဆိုးမသိလှတဲ့ သူက ကျွန်တော့်မျက်နှာထားကို လုံးဝ မသိသလို လျစ်လျူရှုပြီး လက်ချောင်းအချင်းချင်း သွယ်ယှက်လိုက်တယ်။ပြီးတော့ နားနားကပ်ပြီး မတိုးမကျယ် ပြောလာတဲ့ သူစကား...
"ကိုယ် လက်လေးကိုင်ထားချင်လို့ပါ"
ကျွန်တော့်စိတ်ထဲကို ဒေါသတွေ မသက်မသာဖြစ်မှုတွေက ရှူပ်ရှက်ခပ်စွာနဲ့ ဝင်လာခဲ့ပြီး ဘာမှပြောချင်စိတ်မရှိစွာနဲ့ သူ့ကိုလျစ်လျူရှူပစ်လိုက်တယ်။ကြိုးထုံးကို စချည်တဲ့သူကပဲ ပြန်ဖြည်သင့်တယ်။Baekhyunစတဲ့ပြသနာကို Baekhyunပြန်ရှင်းရမှာပဲ။
Sehunက ကျွန်တော့်လက်ကိုဆွဲပြီး ရွှင်မြူးစွာနဲ့ အရှေ့က သွားပြီးကာမှ အနောက်ကိုပြန်လှည့်ကြည့်ပြီး ပြောလာတယ်။
"Jonginအရှေ့ကသွားလေ...ကိုယ်မှ အခန်းမသိတာ"
ရီတော့ရီချင်စရာ...အရင်တုန်းကဆိုရင် အပေါ်ထပ်အောက်ထပ်ပဲကွာတဲ့ သူ့အခန်းနဲ့ကျွန်တော့်အခန်းကို ကူးချည်သန်းချည်လုပ်နေတဲ့သူက အခု အခန်းဘယ်မှာမှန်းတောင် မမှတ်မိတော့ဘူး။တပြိုင်တည်းမှာပဲ အရမ်းသနားစရာကောင်းလွန်းတယ်။
ကျွန်တော် မကြည်မလင်ဖြစ်နေတဲ့စိတ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ပြန်ပြင်လိုက်တယ်။အနည်းဆုံးတော့ သူက ရောဂါသည်လေ။သူ့ကို ဒေါသထွက်နေလို့လည်း ဘာမှမထူးဘူး။တကယ် ထွက်ချင်းထွက်ရင် အရောက်ပို့လိုက်တဲ့ ဟိုကောင်တွေကိုထွက်ရမှာ။
ပြီးတော့ သူက အခု ကျွန်တော့်မျက်နှာကိုကြည့်ပြီး အိမ်မှာနေရမှာ။ကျွန်တော် ဒေါသထွက်နေရင် သူက ဘယ်လို အနေအစားချောင်ပါ့မလဲ။
YOU ARE READING
Friend Zone's Benefits(Z+U)