(Unicode)
ရင်ဘက်ပေါ်ကို အလေးနဲ့ဖိထားသလိုမျိုး လေးလေးပင်ပင်ခံစားမှုကြောင့် မသက်မသက်ဖြစ်စွာနဲ့ ကျွန်တော်နိုးထလာရတယ်။ခန္တာကိုယ်ကို အကြောဆန့်တာမျိုး လုပ်ချင်ပေမယ့် တစ်ခုခုကတားမြစ်ထားသလိုလို။
မျက်တောင်စိတ်တွေ လှုပ်ရွသွားပြီးတဲ့နောက် မျက်လုံးတစ်စုံကို ဖြေးညှင်းစွာဖွင့်လိုက်တယ်။ဦးစွာမြင်လိုက်ရတာက ကျွန်တော့်အခန်းရဲ့မျက်နှာကျက်။အကြည့်တွေကို အောက်ကိုပို့လိုက်တဲ့အခါမှာတော့ ကျွန်တော့်ရင်ဘတ်ပေါ်ဖိထားတဲ့လက်တစ်ဖက်နဲ့ ကျွန်တော့်ခြေထောက်တွေကို ခွထားတဲ့ ခြေထောက်တစ်ဖက်။ဒီ Oh Sehunကတော့!
စောစောစီးစီး သောကတွေလာပေးတဲ့ သူငယ်ချင်း။ကျွန်တော် အတင်းအားစိုက်ပြီး သူ့ခြေလက်တွေကြားကနေ ရုန်းထွက်လိုက်ကာ ညှာတာမှုကင်းမဲ့စွာနဲ့ သူ့တင်ပါးကိုကန်ချပစ်လိုက်တယ်။
"အ!"
ကုတင်အောက် ပြုတ်ကျသွားတဲ့သူက ညည်းညူးသံတစ်ခုနဲ့အတူ မျက်လုံးတွေကိုလက်နဲ့ပွတ်ရင်း ကုတင်ထက်ကကျွန်တော့်ကို ပကတိဖြူစင်တဲ့ အူကြောင်ကြောင်အကြည့်နဲ့ လာကြည့်တယ်။
ရင်ထဲက ဆဲဆိုချင်စိတ်ကို ချိုးနှိမ်လိုက်ပြီးတဲ့နောက် ကျွန်တော် သူ့ကိုအကြည့်စူးစူးနဲ့ကြည့်ပြီး လေသံတည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်တယ်။
"စည်းမျဉ်း၁_မလိုအပ်ပဲ skinshipမလုပ်ရ
စည်းမျဉ်း၃_အတူတူ မအိပ်ရ"သူက ကျွန်တော့်စကားတွေကို မကြားသလိုပြုမူပြီး ကြမ်းပြင်ပေါ်ကနေထကာ ကုတင်ပေါ်ကုန်းရုန်းတက်လာတဲ့အပြင် ကျွန်တော့်ဗိုက်ပေါ်ကိုတောင် ခေါင်းအုံးလာသေးတယ်။
ကသိသအောက်နိုင်လှတဲ့ skinshipတွေကြောင့် လူက မျက်ဖြူစိုက်လုနီးနီးပဲ။သူကတော့ ကျွန်တော့်ဗိုက်ပေါ်မှာ အသက်မှန်မှန်ရှုသွင်းရင်း ပြန်အိပ်စက်ဖို့ဟန်ပြင်နေတယ်။
"Oh Sehun!!"
"wae..?"
သံရှည်စွဲပြီးပြန်ထူးလာတဲ့ သူ့အသံလေးလေးကြီးက တော်တော်ကြီးကို အိပ်ချင်မူးတူးဖြစ်နေတဲ့ပုံပဲ။ဖိနှိပ်ထားခဲ့ရတဲ့ ဆဲချင်ဆိုချင်စိတ်တွေဟာ လည်ချောင်းဝကိုပြန်ဆန်တတ်လာတယ်။
YOU ARE READING
Friend Zone's Benefits(Z+U)