Last Smile (U)

2.4K 202 22
                                    

Meeting ခန်းထဲမှ ထွက်ခွာသွားသည့် ကျောပြင်ငယ်ကို အနောက်မှ အမီလိုက်ရသည်။ သို့သော်ငြား သူ့ရှေ့ရုတ်တရက်ဝင်လာသူသည် သူ့ကိုမီတင်ခုံဝယ်ပြန်ထိုင်စေ၏။

" ကိုပြည့်စုံ .. ဒါလေး တစ်ချက် ကြည့်ပေးပါဦး "

မီတင်ခန်းမှ ထွက်ခွာသွားပြီဖြစ်သည့် လူသား၏နောက် ပြေးလိုက်ချင်ပါသော်ငြား အလုပ်ကလည်း အရေးကြီးသည့်အပြင် လူကြီးများကလည်း ရှိနေသည်မို့ သူ့မှာ ထွက်မရ။

" ဒါက Operation Team ဘက်က အမှားမဟုတ်ဘူးဗျ ... ကျွန်တော်ကိုယ်တိုင် အဲ့ညက Operation မှာ ပါခဲ့တာ... ပြီးတော့ ကိုမင်းသိမ်းတို့ဘက်က ပေးတဲ့ အချက်အလက်အတိုင်း project document ကို ပြန်စစ်လို့ရပါတယ် "

ခေါင်းဖျားမှချွေးက မေးစေ့ထိ ကျဆင်းလာ၏။ မီးပျက်နေ၍ အဲကွန်းက အလုပ်မလုပ်သလို ယနေ့က တနင်္လာနေ့မို့ တိုက်ပုံကဝတ်ထားရသေး၏။

" ဒါဆို ကိုပြည့်စုံပြောချင်တာက ကျွန်တော်တို့ဘက်က လိုနေတာပေါ့ ... ကြည့်ရတာ ကျွန်တော်တို့ကြား နားလည်မှုလွဲသွားပုံရတယ် "

" အခု ကိုမင်းသိမ်းတို့လိုချင်တဲ့အတိုင်း Project ကို ပြန်ပြင်ဖို့နဲ့ Fix ပြန်လုပ်ဖို့က မရတာတော့မဟုတ်ဘူးဗျ ... development အသစ်လုပ်ရမှာ ... coding အသစ် ပြန်ထည့်ရမယ် .. ရေးခဲ့ဖူးပြီးသား code မဟုတ်တဲ့အတွက် cost က လျှော့လို့မရတော့ဘူး... Manday တိုးလာမှာ .. တကယ်လို့ ကိုမင်းသိမ်းတို့ဘက်က DGMs (Department General Managers)တွေက လက်မခံဘူးဆိုရင် internal discussion လုပ်လို့ရပါတယ် "

အစည်းအဝေးက ပြီးသွားခဲ့လေပြီ။ Project တစ်ခု၏ PM(Project Manager) က ထို Project ၏ လိုအပ်ချက်အားလုံးပေါ် တာဝန်ရှိလေသည်။ ယခုproject သည် ကိုမင်းသိမ်း မတိုင်ခင် PM တစ်ဦးဖြင့် သူတို့အကုန်ဆွေးနွေးပြီးခဲ့ပြီ။ Final cost ထွက်လာချိန်တွင် စျေးများ၍ စျေးလည်း လျှော့ပေးခဲ့ပြီးပြီ။ သို့သော်ငြား ထို PM သည် ရုတ်တရက် နှုတ်ထွက်သွားခဲ့၍ ယခု ကိုမင်းသိမ်းက အစားဝင်လာခြင်းဖြစ်လေ၏။ ပထမဆုံး ကိုင်သည့် project မို့ ခေါင်းလေးနေစဉ် ယခုကဲ့သို့ project မှာ မပါဝင်ခဲ့သည့် အချက်အလက်များကို Project Launch လုပ်ပြီးကာမှ လိုအပ်နေပါသည်များကို မီတင်ခေါ်ခြင်း။

လွဲနေလိုက် (Completed)Where stories live. Discover now