2

3.5K 336 17
                                    

Toiletထဲဝင်ကာ ပုဆိုးကိုမရင်း ဖင်ထိုင်ချမိမှ ကြွေပြားရဲ့အအေးက တင်ပါးကိုလာထိသည်။ ဇန်နဝါရီမို့ ရန်ကုန်ဆောင်းတွင်းရဲ့အအေးက သိပ်မသိသာပေမဲ့ ဖင်တော့ကျုံ့ရသည်။

ရေဆွဲချရင်း ပြန်ထတော့မှ တစ်ရှူးကုန်နေတာတွေ့သည်။ မလိုပါဘူးလေဟု သတ်မှတ်ရင်းအခန်းထဲကထွက်ရသည်။

ဘေစင်မှာလက်ဆေးရင်း ပွနေသော ဆံပင်အချို့ကို ရေစိုလက်နဲ့ သပ်တင်မိသည်။ သို့ပေသိ လက်သုတ်ရန်tissue ကတော့ ကုန်နေလေ၏။

Orientation အချိန်ကနီးနေပြီမို့ လက်ကိုပုဆိုးစနဲ့သုတ်ပြီး အခန်းဆီပြေးရပြန်သည်။ အတွေ့အကြုံမရှိသူ Staff အယောက် ၁၀၀ဆိုတာက လွယ်တာမဟုတ်။ ထိုအယောက်၁၀၀ကို လုပ်ငန်းခွင်တွင်းမဝင်ခင် သင်တန်းပေးမည်ဖြစ်၏။ ထို့အတွက်ကြောင့် သူတို့အားလုံး ရောက်နေရခြင်း။

" ဟိုလေ အန်တီ "

အန်တီဟုအခေါ်ခံလိုက်ရ၍ သူ့နားကဖြတ်သွားသူအမျိုးသမီးက သူ့ကို ငဲ့ကြည့်သည်။

" ပြော မောင်လေး "

" ဟိုလေ အန်တီ Fresh graduate တွေအတွက် Orientation room က ဘယ်ဘက်လည်းမသိဘူး "

" ​​ေဩာ် room 6C မောင်လေး "

" ဟုတ် အဲ့ဒါ ဘယ်ဘက္များ .... "

သူ့ရဲ့ဟိုသည်ကြည့်နေသော အကြည့်တွေကို သဘောပေါက်သွားပုံရသည်။

" ဒီက တည့်တည့်သွား လမ်းဆုံးရင် ဘယ်ကွေ့ ... အခန်းထိပ်မှာ စာကပ်ထားတယ် "

" ဟုတ် ကျေးဇူးပါ အန်တီ "

" ရပါတယ် မောင်လေးရဲ့ "

မောင်လေးဟု တသွင်သွင်ခေါ်သွားသော အန်တီကြီးနားကခွာကာ သူ့မှာအခန်းလိုက်ရှာရသည်။ တွေ့ပါပြီ။

ဖိနပ်များအစီအရီချွတ်ထားတာမြင်မှ ဖိနပ်ချွတ်ရမည်ကိုသတိရသည်။ ဖိနပ်ကချွတ်မရပါလားဟုဆိုကာ ငုံ့ကြည့်မိမှ သူစီးထားတာက Sport Shoe။

ပုဆိုးနှင့်လူက စီးလာတော့ sport shoe။ အေး ... လွဲနေလိုက်။

အခန်းတံခါး၏ပတ္တာက ဆီမဝ၍ထင်သည်။ ကျွီခနဲမြည်သံနှင့်အတူ အခန်းထဲက စကားသံများက တိတ်ကျသွားသည်။

လွဲနေလိုက် (Completed)Donde viven las historias. Descúbrelo ahora