ပူပူလောင်လောင်ညခင်းက အဲကွန်းမရှိ ပန်ကာမရှိသည့် သူ့အခန်းထဲမှာဆို ချွေးပြိုက်ပြိုက်ကျအောင် ပူတာမို့ ပြတင်းပေါက်ကိုဖွင့်ထားရ၏။ ကာရံထားသည့်အခန်းကျဥ္းက လုံနေ၍လားမပြောတတ်။ လှောင်ပိတ်နေသလိုလို။
ခက်ခက်ခဲခဲအသက်ရှူနေရသည်ဟု ထင်မှတ်နေမိသည်။ အတော်လေးလည်း အသက်ရှူ၍မရ။ ရင်ဘတ်တစ်ခုလုံးပေါ် သိပ်သည်းလေးလံသည့်အရာတစ်ခုဖိထားသယောင် ထင်မှတ်လာရ၏။
"အား... "
" Bro "
ရုန်းကန်အော်ဟစ်၍ရသွားသည်နှင့် သူ့နားထဲကြားလာရသည့် အသံတစ်စ။ ဘုရားရေ၊ သူအိပ်မက်မက်နေတာပါလား။
" Bro... Bro .. ဘာဖြစ်တာလဲ .. အိပ်မက်လား "
" အင်း.. ဆက် .. ဆက်လား "
" ဟုတ် ရှိတယ် ကျွန်တော်ရှိတယ် Bro "
အနီးအနားကို မှောင်မှောင်ကမ်းကမ်းထဲ လက်စမ်းကာ ထိမိသည်နှင့် ထိုလူ၏ရင်ခွင်ထဲတိုးဝင်မိတော့သည်။ ဆောရီးပါ ဆက်။ သူခွင့်မတောင်းပဲ လုပ်မိပြန်ပါပြီ။
ကျောပြင်ပေါ်ဖွဖွပွတ်သပ်လာသည့် လက်နွေးနွေးတစ်ဖက်။ နောက်သူ့ခေါင်းပေါ်ရောက်လာသည့် နောက်ထပ်လက်တစ်ဖက်။
" အိပ်မက်ဆိုးလား "
" မသိဘူး "
" ဒါပေမဲ့ ဆိုးတယ်ထင်ပါတယ် .. ကြည့်လေ .. Bro အခုထိ တုန်လှုပ်နေသေးတာ "
" ..... "
ခေါင်းပေါ်ကလက်နှင့် ကျောပေါ်ကလက်ဟာ တဖြည်းဖြည်း နေရာရွှေ့ရင်း သူ့ကိုရစ်သိုင်းကာဖက်လာတော့၏။ ပူလောင်နေသည့်ရာသီဥတုထဲမှာ ဖက်ထားသူရဲ့ကိုယ်ကလည်း ပူပြင်းလောင်မြိုက်နေပေမဲ့ မွန်းကျပ်သည်ဟုမခံစားရ။
" Bro "
" အင် "
" အဲ့လိုတွေ မွန်းကျပ်နေမှာထက်စာရင် .. သူနဲ့လမ်းခွဲပြီး ကျွန်တော်နဲ့တွဲပါလား "
" ဘာ "
" Bro လူက မမိုက်ပါဘူးဗျာ ... ကိုယ့်ကောင်လေးကို မွန်းကျပ်မှုတွေပဲပေးတာ ... ကျွန်တော်သာဆို အဲ့လိုမလုပ်ဘူး သိလား "
" ဆက် .."
" ဗျာ "
" ဘယ်လိုသိတာလဲ "