4

2.4K 266 7
                                    

အိမ်ပြန်ရာ ကားလမ်းတစ်လျှောက်လည်း ဟိုဟိုဒီဒီငေးရင်းဖြင့် ခေါင်းတွေနောက်ကျိလာသည်။ ရန်ကုန်၏ဆောင်းက မချမ်းပေမဲ့ ကားပေါ်က Aircon ကတော့ဖြင့်အင်မတန် စိမ့်အေးနေ၏။ ငါးနာရီခွဲသည်အတော်လေးတော့ မှောင်မနေပေမဲ့ ကား၏ပြတင်းပေါက္များတွင်ကပ်ထားသော စတစ်ကာအမည်းများကြောင့် ပြင်ပက မူရင်းထက်ပိုဖျော့တော့နေခဲ့၏။

သင်တန်းကျောင်းမှစ၍ ရုံးရှိလူများကို ပတ်ခေါ်ပြီးမှ ဖယ်ရီကားလေးသည် တငြိမ့်ငြိမ့်ထွက်ခွာလာခဲ့သည်။ တစ်ခါမျှမရောက်ဖူးသော အရပ်များမို့ ဖယ်ရီထဲကနေ မှန်ကိုပေါက်ထွက္မတက် အပြင်ကိုစူးစိုက်ကြည့်ရင်း လိုက်ပါလာမိသည်။

" ဟယ်လို "

" စုံငယ် "

" .... "

အလန့်တကြားချမိလိုက်သောဖုန်းလေးက လျှောကာ ကားကြမ်းပြင်ပေါ်ဝယ် လျပ်ပြေးလိုက်သလို။ ရှေ့ခုံမှ တစ်ယောက်ကကောက်ပေးလာတော့ အားနာနာနှင့် ပြုံးပြကာ ယူလိုက်ရ၏။

ဘယ်လိုလုပ်ပြီး ဖုန်းနံပါတ်ကိုရသွားပါလိမ့်။ ရန်ကုန်ကိုရောက်ကတည်းက အရင်ကကိုင်ခဲ့သောဖုန်းတွေအားလုံးကို ဖြုတ်ပြီး ပထမနှစ်က ကိုင်ခဲ့တဲ့ဖုန်းကဒ်ကိုပြန်တပ်ထားခဲ့တာ။

ကြာမြင့်ခဲ့ပြီဖြစ်သော အတိတ်တို့ကို ပြန်မတွေးချင်၍ ခေါင်းခါရင်း ပြင်ပကိုသာ စူးစိုက်ကြည့်နေမိတော့သည်။

" မနက်ဖြန်လည်း လိုက္မှာမလား ကောင်လေး "

" ဟုတ်ကဲ့ "

ကားပေါ်ကဆင်းပြီး တစ်ဖက်လမ်းဆီ ကူးမိသည်။ ည၇နာရီက အ​ေတာ်လေးတော့ မှောင်နေပြီဖြစ်ပေမဲ့ ရန်ကုန်မြို့၏ မြို့ပြမီးရောင်များကတော့ လင်းလက်နေဆဲ။

လမ်းဘေးဝဲယာတစ်လျှောက္မှ သွားလာနေမှုများကို ရှောင်ရှားရင်း အိမ်ရှိရာ ခပ်သွက်သွက် ပြန်မိသည်။ ထောင်းခနဲရလိုက်သော အမှိုက်ပုံးကြီးဆီမှ အနံ့ကိုလည်း အသက်အောင့်ရင်း ရှောင်ဖယ်ရပြန်၏။ အဲကွန်းကားပေါ်မှ ဆင်းလာတာက ကြာနေပြီ။ ခုချိန်ထိ မျက္မှန်ပေါ်ကရေငွေ့များက မပျောက်သေး။ လက်နှင့်ချွတ်ယူရင်း အင်္ကျီအိတ်ကပ်ထဲပဲ ထည့်ထားလိုက်သည်။

လွဲနေလိုက် (Completed)Место, где живут истории. Откройте их для себя