" Bro ရေ့ ကျွန်တော် .. အဲ ဘယ်သူလဲ "
မနက်မိုးလင်းကတည်းက အမေ့ကို အပူကပ်ကာ နို့ဆန်ပြုတ်ကြိုပေးခိုင်းနေမိသည်။ ဒီရက်ပိုင်း Bro က ဘာမှမစားမသောက်။ တစ်နေ့တစ်ခြား အလုပ်ကလွဲရင် ဘာမှမသိတော့သလို။ သူအနားမှာရှိနေပေမဲ့ Bro က စိတ်နှင့်လူနှင့်မကပ်သလို သူ့ကိုလည်း သိပ်အာရုံမရောက်။
ဒါကြောင့် အာဟာရရှိစေရန် Bro အတွက် နို့ဆန်ပြုတ်တစ်ခွက် လုပ်ပေးချင်သော်ငှား သူကဘာမှမတတ်မြောက်ပေ။ ထို့အတွက် အမေ့အား အပူကပ်ကာ သင်ပေးခိုင်းရခြင်း။ အမေကတော့ မျက်စောင်လေးခဲလိုက် ပါးစပ်ကလည် တတွတ်တွတ်ရွတ်လိုက်နှင့် သင်လည်းသင်သလို လုပ်လည်းလုပ်ပေးနေသည်။
သူအနားက ဂျီပူနေလို့ နောက်ဆုံးတော့ အမေက သူ့အား နားရွက်ဆွဲကာ မီးဖိုခန်းအပြင် ထုတ်လေတော့သည်။
အူပုတ်ပုတ်ဟု စိတ်ထဲတွေးကာ ဆူပုတ်ပုတ်ကလေး ဧည့်ခန်းထဲ ထိုင်နေစဉ်တွင် အနားသို့ အဖေဝင်ထိုင်လာပါ၏။
ထို့နောက်သူ့အား ဘာမှလည်းမပြောပါပဲ ပုခုံးလေးအား အသာအယာလာပုတ်၏။ သူလှည့်ကြည့်တော့ အဖေက သူ့အားကြည့်မနေပါ။ ခုံပေါ်က သတင်းစာကိုဖြန့်ကာဖတ်နေချေပြီ။
" ဟင်း .... "
" သားငယ် "
" ဗျာ "
" ရောဂါမရှာပါနဲ့ .. မဖြစ်နိုင်ရင် လက်လျှော့လိုက် "
" သား တစ်ခုပြောပြချင်လို့ အဖေ "
.............................................
သူ့ရှေ့မှာ လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ရင်း သားထံမှ စကားသံတွေက အစီအရီထွက်ကျလာ၏။ သားကလေး၏ ရည်ရွယ်သူက အတော်လေး ဒဏ်ရာအနာတရ အဆိပ်သင့်နေသူတစ်ယောက်ဖြစ်နေပါရော့လား။
" အစ်ကိုက တစ်ရက်ကဆို ငိုပါငိုတယ် အဖေ ... သား တစ်ခါမှ အစ်ကို အဲ့လောက်ငိုတာကိုမတွေ့ဖူးသေးဘူး ... ပြုံးရယ်တာ နည်းပါတယ်ဆိုမှ အခုတော့ ပိုပိုဆိုးလာခဲ့ပြီ "
" ဒီတော့ သားက အဲ့ဒီ သားပြောတဲ့ လူရဲ့အိမ်ကို လိုက်ပို့လိုက်သေးတာပေါ့ .. သားအစ်ကိုကရော သိလား "