" လာ Bro "
ဖယ်ရီပေါ်က ဆင်းဆင်းချင်း သူတွေ့လိုက်ရသည်က အစီအရီ game ထိုင်ဆော့နေသော ကောင်ကလေးတစ်သိုက်။ ထိုကြားထဲတွင် ကောင်မလေးတစ်ချို့လည်းပါဝင်၏။ တောင့်တောင့်ဖြောင့်ဖြောင့် ဖြူဖြူဖွေးဖွေးကောင်မလေးကို EQ/IQ Test တုန်းက သူမြင်ဖူးထားခဲ့၏။
လူအယောက်၂၀၀၀ကျော်ကြားထဲမှာ သူအတော်လေး မျက္မှန်းတန်းမိနေသူများက အင်တာဗျူးအောင်လာခဲ့ကြလေ၏။ ထိုကောင်မလေးကတော့ လုံးဝမှတ်မှတ်ရရကို သတိထားမိခဲ့၏။
သွက်လက်သောပုံဟန်ရှိသော်လည်း တစ်ချိန်တည်းမှာ တည်တံ့သောမျက်နှာပေးကြောင့် သူတောင်အတော်လေး ရှိန်ခဲ့သေး၏။
သူဝင်ထိုင်လိုက်ချိန်မှာ ဆကျမှူးဟာ သောက်လက်စကော်ဖီခွက်ကို ဘေးဖယ်ကာ သူ့ဘက်ကိုခွက်တစ်ခွက်တိုးပေးလာ၏။ သူကားပေါ်မှာကတည်းက ထိုကောင်လေးဟာ လှမ်းဖုန်းဆက်ခဲ့ခြင်းဖြစ်၏။ ချိုစိမ့်တစ်ခွက္မှာထားပေးဖို့ပြောခဲ့တာမို့ သူရောက်တာနဲ့ ခွက်ထိုးပေးခြင်းဖြစ်၏။
" အဟွတ် "
နှာသီးဝသို့ တိုးဝင်လာသော ဆေးလိပ်ငွေ့ကြောင့် သူချောင်းဆိုးလာတော့ တစ်ဝိုင်းလုံးမှာထိုင်နေသော ကောင်ကလေးတွေဟာ အနေရခက်သွားကြ၏။ တခြားထိုင်နေသော မိန်းကလေးများတောင် ဘာမှမဖြစ်ပဲ သူကသာချောင်းထဆိုးသည်မို့ ဆေးလိပ်သောက်နေကြသော ထိုကောင်လေးတွေအားလုံး နေရခက်သွားခြင်းဖြစ်ပေလိမ့်မည်။
" ဟေ့ကောင်တွေ မသောက်နဲ့တော့လေ "
ကိုယ်တိုင်လည်း ဆေးလိပ်ကိုမြေကြီးကိုချကာဖိနက်နဲ့နင်းချေရင်း ကျန်သောသူများကိုပါ ဆကျမှူးက လှည့်ပြောလာ၏။
ချိုစိမ့်တစ်ခွက်ကို ကုန်အောင်အမြန်မော့ချရင်း ပိုက်ဆံ၅၀၀ကိုခွက်အောက်ညှပ်ကာ ..
" ရတယ် ရတယ် ကိုယ်သွားနှင့်လိုက္မယ် "
ပေါင်ပေါ်တင်ထားသော ကျောပိုးအိတ်ကိုကောက်လွယ်ရင်း အမြန်လေးထထွက်လာမိသည်။ သူ့အတွက်နှင့်တော့ အနှောင့်အယှက်ဖြစ်ရသည်ကို သူမလိုလားပါလေ။
" မောင်လေး "
ခေါ်သံကြားလိုက်ရတော့ သူလိုက်ရှာမိ၏။ နောက်တော့သူတွေ့လိုက်မိသည်က သူနှင့် နောက်ဆုံးအင်တာဗျူးမတိုင်ခင်က တွေ့ခဲ့သော အစ်မတစ်ယောက်။ ထိုအစ်မ၏နာမည်က နီလာအေး ဆိုလား။