အောင့်တက်လာသည့်ဗိုက်က အတော်လေးနေရခက်နေ၏။ တင်းကျပ်လှောင်ပိတ်နေသည့်အသိကြောင့် မျက်လုံးကိုဖွင့်ကြည့်မိတော့ သူ့မျက်စိများမှားလေသလား။ သူကအခု ဘယ်သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေခဲ့တာတဲ့လဲ။
" ကိုကို လား "
မျက်လွှာဖွင့်ကြည့်လာသည့်နောက်က စူးရဲရဲအကြည့်များသည် သက်ကိုမှ သက်ကို အစစ်ဖြစ်နေခဲ့၏။ ရမလားဟု ရုန်းထွက်မိသည့် ခြေတွေလက်တွေက တင်းကျပ်စွာ ဖက်တွယ်ခံထားရသည်မှာ အတော်လေးကြံ့ခိုင်လွန်းလှသည်။
" ကိုကို ဖယ်ပါ သားကို လွှတ်ပါ "
ပြုံးစစမျက်နှာပေးက အတော်လေး လှပသော်လည်း သူ့အတွက်တော့ ရုန်းမရသည့်ထောင်ခြောက်တစ်ခုနှယ်။ တစ်စတစ်စနီးကပ်လာသည့် မျက်နှာကို သူဘာလို့ ရှောင်မရတာလဲ။ သူကအခု အရင်ကလို....
" အား...... "
ဟင်။ ဘာလို့သူ့အော်သံက ထွက်မလာရတာလဲ။ ရုန်းကန်နေသည့်ခြေလက်တွေက သူ့စိတ်ဆောင်ရာကို လုံးဝလိုက်ပါမလာခဲ့။ သူ့အပေါ် အုပ်မိုးထားသည့် လူသား၏ စေစားရာကို သဘောတူကြည်ဖြူကာ လိုက်ပါနေသလို။ ဘုရားရေ၊ သူတော့ ဒီဝဲဆိုးထဲက လွတ်ပါဦးမလား။ သူ့ကိုလွတ်မြောက်ခွင့်ပေစခဲ့ပါတော့လား။
သူမလိုချင်။ သူမထိတွေ့ချင်။ သူလုံးဝမလုပ်ချင်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ လုံးဝသူ့ဘက်ကို ပါမလာခဲ့။
(A/N media မှ သီချင်းအား နားဆင်ပါ)
အချီအချော့နှင့် အပွေ့အသပ်တွေက ပူလောင်လွန်စလှသည်။ အောင့်တက်နေဆဲဗိုက်ထဲက စူးရှရှနာကျင်မှုကို မေ့သွားတော့မတတ် ပြုစားနေသူကို သူတကယ်ကန်ထုတ်ချင်လှပြီ။
" Bro "
ပဲ့တင်ထပ်လာသည့် အသံတစ်စ။ ဟိုးအဝေးကလာသလိုလို၊ သူ့နားကပဲ ကပ်၍ ခေါ်ငင်နေသံ များလား။ ချောက်ကမ်းပါးနားမှာ အော်ဟစ်လိုက်၍ ပြန်ကန်လာသည့် ပဲ့တင်ထပ်သံများလို အသံတစ်စနဲ့အတူ နူးညံ့နေသည့် လက်တစ်စုံက သူ၏ပါးပြင်ပေါ်သို့ ကျရောက်လာ၏။
သူ့အပေါ်ကျရောက်နေသည့် ပူလောင်ပြင်းရှနာကျင်သည့် အထိအတွေ့နှင့်ဆန့်ကျင်ဘက်၊ လုံးဝမီစနဲ့ရေလိုကွဲပြားနေသည့် အသိတရားတစ်ခုက သူ၏ဦးခေါင်းထက်နားဆီမှ ထပ်မံ၍ရလိုက်သလို။