20

1.5K 185 9
                                    

ညနေစောင်းကတည်းက အိပ်ပျော်နေသောသူ့ကို အတင်းနှိုးကာ ကားပေါ်တက်ခိုင်း၍ စိတ်ထဲ တင်းခနဲဖြစ်သွားရသည်။ ဘာလုပ်ကြတာလဲ။

" အဖေ ဘယ်သွားကြမလို့လဲ "

" မင်းဘဘကြီး နေမကောင်းဘူးတဲ့ ... အဲ့ဒါ လှမ်းခေါ်လို့ကွာ "

ကားမောင်းသူနေရာတွင်ထိုင်နေသော အဖေက သူ့အား ထိုတစ်ခွန်းသာဖြေသည်။ ဒါဆိုသူတို့က အခုချက်ချင်းကိုပဲ ချင်းပြည်နယ်ကိုတက်ရမည်ပေါ့လေ။ အဝတ်ထုတ်တွေ တင်နေသောအလုပ်သမားတွေကြားမှာ နေရာကြည့်ပေးနေသည့် အမေ့ကိုရော ကားရှေ့ခန်းမှာ ငိုင်ငိုင်ကြီးထိုင်နေသည့်အဖေ့ကိုပါ တစ်ချက်ကြည့်ရင်း ကားပေါ်မှ ခုန်ဆင်းလိုက်သည်။

လူလစ်အောင်စောင့်ကာ ခြံရှေ့ပြေးထွက်တော့ ခြံဝမှာရပ်နေသော အဘွား။

" ဒါကဘယ်တုန်း "

" စုံငယ်တို့အိမ် "

" ဘာသွားလုပ်မလို့တုန်း ... ခုကားပေါ်ကိုတက် "

" ဟို နှုတ်ဆက်မလို့ပါ ... မနက်ကလည်း စုံငယ်က ဒီတိုင်းပြန်သွားရတာလေ ... အဲ့ဒါကြောင့် "

" တိတ်စမ်း ဘာမှအထွန့်မတက်နဲ့ ... ဥက္ကာဦး မင်းသားကိုလာခေါ်စမ်း "

အဖေက ထိုတော့မှသူ့ကိုမြင်ကာ လာဆွဲခေါ်သည်။ အဖေ့လက်ကိုရုန်းဖယ်ဖို့လုပ်ပေမဲ့ အဘွား၏အကြည့်စူးစူးတွေကြောင့် လန့်ကာ အလိုလိုနေရင်း ကားပေါ်တက်ထိုင်လိုက်မိလေသည်။

" မေချစ် "

" ရှင် "

" ညည်းသားကိုထိန်းစမ်း ... အပေါက်ဝရောက်နေတာ မသိလိုက်ကြဘူးလား .. ဟိုအိမ်ကိုသွားဦးမတဲ့တော် ... "

ပွက်ညံနေသည့် အဘွားအသံကြောင့် မျက်စိမျက်နှာပျက်နေသော အမေက သူ့ဘေးမှာလာထိုင်ကာ ကားပေါ်ကနေပဲ အလုပ်သမားများကို တစ်ခုပြီးတစ်ခု ဟိုဟိုဒီဒီ ခိုင်းနေလေ၏။

သူတို့မြို့ကလေးကထွက်ချိန်ဝယ် အတော်လေးမှောင်စပျိုးနေခဲ့လေပြီ။ စုံငယ့်ကိုမနှုတ်ဆက်ခဲ့ရသလို ဘာမှလည်းမပြောခဲ့ရ။ သူဘာတွေစီစဥ္ကာ ဘယ်လိုတွေလုပ်ခဲ့ကြောင်းပြောလျှင် စုံငယ်က သူ့အား နားလည်ပေးလောက်ပါသည်။ မှိုင်းညှို့နေသည့် တောင်တန်းကြီးက နောက်မှာချန်ရစ်ခဲ့လေပြီ။ သူတို့ကတော့ အခုဆို ချင်းပြည်နယ်ရှိ မင်းတပ်မြို့ဆီ ဦးတည်ခဲ့ပြီပေါ့။

လွဲနေလိုက် (Completed)Donde viven las historias. Descúbrelo ahora