Parting

2.2K 196 21
                                    

" သားလိုချင်တာ သူတစ်ယောက်တည်းပါ "

ညတွင်းချင်း နယ်ကိုဆင်းချသွားသည့် လူငယ်လေးတစ်ယောက်ရှိခဲ့ပါသည်။ ထိုလူငယ်လေးက တစ်ညလုံးမအိပ်ခဲ့သလို တစ်ညလုံးလည်း မနားခဲ့ပေ။

အိပ်ကလေးကအရင်လို သစ်ပင်တွေနဲ့စိမ်းစိမ်းစိုစိုရှိနေဆဲ။ ခြံတံခါးဝမှာကားရပ်ကာ ဟွန်းကိုတီးတော့ အိမ်ထဲမှ ထွက်လာသော အမေ။

သူ့ကားကိုမြင်တော့ အမေကစိုးရိမ်တကြီးနှင့် ခြံတံခါးကိုလာဖွင့်၏။

" ဘွား ရှိလား "

" အင်း ဘုရားဝတ်ပြုနေတယ် .. ဘယ်လိုဖြစ်လို့ ရောက်လာရတာလဲ .. မပြောမဆို သားရယ် "

" ဘွားနဲ့တွေ့ချင်လို့ ပြန်လာတာ "

..................................

ဧည့်ခန်းထဲမှာ ထိုင်နေသော သားဖြစ်သူအား ရေလည်းထချိုးခိုင်းလို့မရသလို တစ်ခုခုစားဖို့လည်း မသိမ်းသွင်းနိုင်။

ဘုရားခန်းကထွက်လာသော ဒေါ်အုန်းကြည်ဟာ မြေးဖြစ်သူရောက်နေမှန်းသိတော့ ခြေလှမ်းတွေတုံ့သွား၏။ မပြောပဲ ရှောင်နေလို့တော့ မဖြစ်သေစဘူးမလား။ ထို့ကြောင့် ဧည့်ခန်းထဲသို့သာလာခဲ့တော့သည်။

" သား "

" ဘွား လာထိုင်ပါဦး "

" အင်း "

" သား ဘွားတို့ကို တောင်းဆိုတာက တစ်ခုပါ .. ဒါပေမဲ့ ဘယ်လိုတွေလုပ်ရက်လိုက်တာလဲဗျာ .. အခု စုံငယ်က သားဆီ ပြန်မလာတော့ဘူး .. သူက .. သူက သားကို နှင်ထုတ်လိုက်ပြီ "

" ဘွား က ... "

" ဘွားတို့ ဘယ်လိုအတွေးနဲ့များ အဲ့လိုလုပ်ရက်ရတာလဲ ... အခု ဘွားတို့ကိုအကူအညီတောင်းမိကာမှ သားက စုံငယ့်ကို လက်လွှတ်ရပြီ .. ဘွားတို့ ဘာကောင်းသလဲ "

" ဥက္ကာသက်ကို "

ဆောင့်ကနဲထွက်လာသည့် အော်သံက အိမ်တံခါးဝထံမှ ဖြစ်သည်။ အပြင်ဘက် လမ်းလျှောက်ထွက်သော ဖခင်ဖြစ်သူ ပြန်ရောက်လာခြင်း။

" အဖေတို့ရော ဘာဘို့မတားကြတာလဲ ... ဘာလို့လဲ ... ဘာလို့ ဘွားကို အဲ့လိုလုပ်ခွင့် ပေးလိုက်ကြတာလဲ "

လွဲနေလိုက် (Completed)Where stories live. Discover now