16

1.4K 191 4
                                    

သန်းခေါင်ယံတစ်ရေးနိုးလည်း သူ့စိတ်ထဲဝယ် ထိုအမာရွတ်က အသိစိတ်ကို လာရိုက်ခတ်၏။ ရင်ညွန့်မှသည် ဗိုက်နားထိ တရွတ်ဆွဲအမာရွတ်က ဖြစ်ခဲ့စဥ္ကအတော်လေး နာပေလိမ့်မည်။

နာခဲ့သလားဟုမေးစဥ္က သူ့ကိုဖြေရမည့်အစား သူ့မျက်ရည်တွေကိုသုတ်ပေးရင်း နောက်ကိုအိမ်ကိုမလာတော့ဖို့ မောင်းထုတ်ခဲ့ရသည့်သူ့ကို တစ်ယောက်ယောက်ကပဲ ရှင်းပြပေးကြပါလေ။ ကားကလေးတစ်စီးနှင့်ရောက်ရောက်လာသည့် လူကြီးကို သူလည်း မမြင်ချင်ရင်တောင် မှတ်မိနေခဲ့ပါပြီ။ သူသ​ေါားလည်တိုင်း ထိုကားကလေးက ရောက်နှင့်နေခဲ့ပြီး သူရှိချိန်တိုင်း ထိုဧည့်သည်က တော်ရုံနှင့်တိုက်ပေါ်ကဆင်းမလာတတ်။

သူနဲ့တွဲရမှာ ရှက်လို့လားဟု မမေးရက်ပါ။ သူ့ကိုငဲ့နေသည့် Bro မျက်ဝန်းတွေကို သူလည်းဖတ်တတ်ပါသည်။ ယိုင်နဲ့ချင်လာသည့် စိတ်တွေကို လုံးလုံးမဖမ်းဆုပ်ရသေးခင်မှာ အိမ်ကိုပါဝင်ထွက်ခွင့်ပိတ်ခံလိုက်ရသည့်သူ့အဖြစ်ကို တစ်ယောက်ယောက်တော့ စာနာလှည့်ပါလေ။

....................................

" သမီးကြီး ... နင့်မောင်ဘာဖြစ်နေတာလဲ "

အိမ်ရှေ့ကခုံတန်းပေါ် မေးထောက်ကာထိုင်နေသည့် လူငယ်လေးကိုလှမ်းကြည့်ရင်း မေးလာသည့်မာတာမိခင်အား ဆက်သွင်လှည့်ကြည့်လိုက်ပါ၏။ လက်ထဲက ဖတ်လက်စစာအုပ်ကို ဘေးချကာ အိမ်ရှေ့ရှိ ထိုကောင်လေးထံသို့ အကြည့်တစ်ချက်ရွှေ့လိုက်မိသည်။

" ရည်စားပူမိနေတာနေမယ် "

" ဟုတ်ပါ့မလား "

" မနေ့ကပြန်လာကတည်းက ငိုင်နေတာပဲကို ... အရင်က ပိတ်ရက်ဆို ဖမ်းမိလို့လား.. မေ့သားက ဟိုကောင်လေးအိမ်သွားသွားအိပ်နေတာကို "

" တစ်ချက်တီးခေါက်ကြည့်ဦး .. မောင်လေးကိုလွှတ်မထားနဲ့ "

" ဟာ ... မေမေကလည်း "

" ဘာ မေမေကလည်းတုန်း ... သွား .. မသွားရင်ခေါက်ထည့်လိုက်မှာနော် "

အမေ့လက်ထဲက ကြက်မွှေးက ဖုန်တသောသောနှင့်မို့ ဆက်သွင်လည်း အလျင်အမြန်ထရပ်ကာ အိမ်ရှေ့ဆီ ခြေလှမ်းခဲ့ရပါသည်။

လွဲနေလိုက် (Completed)Where stories live. Discover now