11

1.5K 200 8
                                    

မနက်ခင်းမိုးမလင်းခင်ကတည်းက သူနိုးနေခဲ့သော်လည်း သူမထချင်ခဲ့။ မျက်လုံးကိုမဖွင့်ချင်။ သူ့ရင်ခွင်ထဲက လူသားကို သူဖက်ထားချင်သေးသည်။

သို့သော်လည်း လူးလွင့်လာသော အသိနှင့်အတူ သူ့ရင်ခွင်ထဲက ထွက်ကာ အိပ်ယာပေါ်ထထိုင်လိုက်သည့် အိဝင်လှုပ်ရှားမှုတို့ကို သူသိလိုက်၏။ Bro တစ်ယောက် တကယ်ကိုနိုးသွားခဲ့ချေပြီ။

" ဆက် "

" ... "

" ဆက်မှူး "

" အင် ဗျာ "

" ထတော့လေ "

" ထချင်ဘူး "

" မထချင်လို့ ရမလား ... ထစမ်းပါ ဒါ မင်းအိမ်လေ "

" ဟင့်အင်း အိပ်ချင်တယ်လို့ "

" လာလိမ်မနေနဲ့ မင်းနိုးနေမှန်း ကိုယ်သိတယ် အဲ့မျက်ခွံတွေ မလှုပ်တော့မှ ကိုယ့်ကိုလာလိမ်လှည့် "

" Bro ဘယ်လိုသိတာလဲ "

" ကလေးသေးသေးလေးတွေက သူ့မိဘတွေကို ဂျီကျရင်လုပ်တတ်တဲ့အပြုအမူပဲဟာ သိတာပေါ့ ... ထထ ကိုယ်ဗိုက်ဆာနေပြီ "

" အာ ခဏနေဦး ကျွန်တော် အိမ်သာသွားတက်လိုက်ဦးမယ် "

" မင်းညစ်ပတ်လှချည်လား "

တဟားဟားအော်ရယ်ကာ Bro အနားက အလျင်အမြန်ထကာ အိမ်သာထဲပြေးဖို့ အခန်းထဲက အလျင်စလို ထွက်ခဲ့လိုက်တော့သည်။

" သားငယ် ... ဟိုကောင်လေး သက်သာလား "

လှေကားမှဆင်းလာသော အဖေက သူ့ကိုတွေ့လေပြီ။ အမေက​ေတာ့ဒီချိန်ဆို မီးဖိုခန်းထဲရှိနေလောက်မည်။ မမကတော့ ကျူရှင်သင်ပေးဖို့သွားလောက်ပြီထင်၏။ စနေတနင်္ဂနွေဆို ရပ်ကွက်ထဲရှိ အဆောင်တစ်ခုမှာ မမက ကျူရှင်ပြသည်လေ။

" သက်သာပါတယ်အဖေ မျက်နှာလေးလန်းတယ် "

အဖေက သူ့ကို စေ့စေ့ကြည့်လာ၏။ ထို့နောက်အနားကပ်လာကာ ...

" ကောင်လေးလား "

သူမျက်ခုံးပင့်ကြည့်တော့ အဖေက ဒီတိုင်းသာကြည့်နေလေ၏။ သူလိမ်ဖို့မလိုအပ်ပေမဲ့ အမှန်အတိုင်းဖြေဖို့လည်း မလုပ်ချင်။

လွဲနေလိုက် (Completed)Tempat cerita menjadi hidup. Temukan sekarang