ဖယ်ရီပေါ်က ဆင်းဆင်းချင်း မြူခိုးဝေနေသော ပတ်ဝန်းကျင်ကို ကြည့်မိသည်။ ပုဇွန်တောင်တံတား၏အောက်ဘက်တွင် ကားကရပ်ပေးသဖြင့် ထိုအောက်ကနေ ဆင်းလျှောက်လာမိကာ သင်တန်းကျောင်း၏ဝန်းအတွင်းသို့ လမ်းလျှောက်ဝင်လာမိလေသည်။
တတီတီမြည်လာသော ဖုန်းကိုဖွင့်ကြည့်တော့ ရင်းနှီးနေသောဖုန်းနံပါတ်တစ်ခု။
" ဟုတ် မ "
" မောင်လေးရေ သင်တန်းရောက်ပြီလား "
" ဟုတ် မ ခုပဲရောက်တာ "
" မအတွက် ထမင်းလက်ဖက်လေး မှာပေးထားပါလားမောင်လေး မ ရောက်တော့မှာ "
" ဟုတ် "
သူ့အတွက်လည်း အပန်းကြီးတာမဟုတ်၍ လက်ခံပေးလိုက္မိသည်။ ဒီနေ့တော့ canteen မထိုင်တော့ဘူးဟု ယူဆထားသော်လည်း မှာသူကမှာခိုင်းထားမှတော့ သူလည်းမတတ်နိုင်ဘူးပေါ့။
ဘေးဘီဝဲယာမကြည့်ပဲ တစ်ခုတည်းသော canteen ၏အတွင်းဘက်ဆီ သူလျှောက်သွားလိုက်တော့သည်။ မှာစရာရှိတာမှာပြီး လွတ်နေသောဝိုင်းတစ်ခုမှာထိုင်ရင်း ဖုန်းပြန်ဖွင့်လိုက်၏။ လည်ပင်းကဒီနေ့မှ ယားယံနေသည်။ အပူဖုများပေါက်နေပြီလားမသိ။
" ဟုတ် အဖေ သား သင်တန်းရောက်နေပြီ .. ဟုတ် အေးတော့အေးတယ် .. ဟုတ် "
" ..... "
" ဟုတ် ဟုတ် "
အဖေနှင့်အမေမှာသမျှ နားထောင်ပြီးနောက္မှာ ဖုန်းပြန်ချလိုက်တော့သည်။ နားကြပ်ကလေးကိုတပ်ပြီး သီချင်းနားထောင်ရင်း သူ့အတွက်ပါ ချိုစိမ့်ပါဆယ်တစ်ခွက္မှာလိုက်တော့သည်။
" မောင်လေး "
သူ့နားကြပ်ကိုဆွဲဖြုတ်ကာ အနားတွင်လာထိုင်သော မနီလာအေး။ သူ့ရှေ့ကခုံကိုဆွဲယူသော လူရိပ်ကြောင့် မော့ကြည့်တော့ ဆက္မှူးက သူ့ကိုဘာမှမပြောပဲ ဒီတိုင်း ကြည့်နေလေ၏။
" မ မှာထားတာလေး .. ကျွန်တော်သွားနှင့်မယ်နော် "
ပိုက်ဆံရှင်းထားပြီးပြီဖြစ်သော ပါဆယ်ခွက်ကိုလက်ကကိုင်ဆွဲကာ ကသုတ်ကယက်ထလာမိလေသည်။ ဘာမဆိုင်ညာမဆိုင်ပူထူနေသော မျက်နှာတို့ကို အားနေသောလက်တစ်ဖက်ဖြင့် သူဖိသုတ်ရင်း သင်တန်းအခန်းဆီသူသွားတော့ ရုတ်တရက်သူ့လက်ကိုဆွဲခံလိုက်ရမှုနှင့်အတူ လူသူကင်းရှင်းသော အဆောင်သစ်ကြီးဆီ ပါသွားလေတော့သည်။