" ဘာသောက္မလဲ Bro "
" နွားနို့ "
Bar ကိုလာပြီး နွားနို့တောင်းသောက်ရအောင် စိတ်နဲ့လူနဲ့မကပ်ပုံက အတော်လေးတော့ အရုပ်ဆိုးလှပါသည်။ လုပ်ချင်ရာလုပ်သလို ဖြစ်ချင်သမျှ ပုံသွင်းလာသူကို သူတကယ်စိတ်ကုန်လှပါပြီ။
အခုလက်ရှိ တွေ့နေရခြင်းသည် သာမန်ပါတနာများ တွေ့ဆုံကြသလို။ အချစ်မပါ၊ သံယောဇဥ္မပါသော ထိတွေ့မှုသက်သက်ဆက်ဆံရေးတစ်ခု။
" ကိုပေါရေ့ အဖျော်စပ်ဖို့ချန်ထားတဲ့ နွားနို့ကျန်သေးရင် တစ်ခွက်လောက် "
ဆက်မှူးလုပ်နေသမျှကို လိုက်ကြည့်ရင်း အရပ်ရှည်ရှည်လူငယ်လေးတစ်ယောက်၏ ခါးကြောကို အလိုက်မသိစွာ လိုက်ကြည့်နေမိသည်။
" ကြည့်ကောင်းသလား Bro "
သူ့ရှေ့ အငွေ့ထွက်နေသော နွားနို့ခွက်ကို သူကိုင်ကြည့်တော့ အတော်လေး ပူမနေတော့ပါ။ အနေတော်အပူငွေ့ရှိသည့် အရသာကို တစ်ငုံမော့သောက်ရင်း ဝင်ပေါက်ဆီ သူမျှော်ကြည့်နေမိသည်။
ဝေလင်းတို့ဝင်လာချိန်မှာ သူ့လက်ထဲက နွားနို့ခွက်ဟာ ပြောင်တလင်းခါနေခဲ့ပြီ။
" ကျွန်တော်သောက်နိုင်လောက်မဲ့ တစ်ခုခုလောက် "
ဘားကောင်တာမှ ထိုသူဟာ သူ့အတွက် အပြာရောင်လဲ့နေသော ခွက်တစ်ခွက်ချလာပေး၏။ အရက်နှင့်တည့်သလားမတည့်သလား သူမသိ။ သူသိတာက သူ့ရှေ့က ဒီခွက်ကို သူမော့ချပစ်လိုက်မည်။
" Bro "
ဘယ်နှစ်ခွက်မြောက်လဲ မသိတော့သည့်အချိန်မှာ သူ့လက်ကို လာဆွဲသည့် ခပ်နွေးနွေးလက်ဖဝါးပြင်ကျယ်တစ်ခု။
" Bro "
တိုးသဲ့သဲ့ခေါ်လာသူ၏ ရင်ခွင်ထဲ သူဝင်မိလေသလား။ သူနဖူးပြင်နားက ရနေသော ထွက်သွက်နွေးနွေးကိုများ သူသဘောကျလေသလားသူမသိ။
" Bro "
ရုတ်တရက် လက်မောင်းမှဆောင့်ဆွဲခံရမှုနှင့်အတူ လက်ရှိရနေသည့် အနွေးဓာတ်ကနေသူလွင့်ပါရ၏။ သိပ်မကြာခင်မှာပင် နောက်ထပ်သော နွေးထွေးမှု။
............................................
သူ့ရင်ခွင်ထဲ ပြန်ပါလာသည့် ဖြူဥဥ ကိုယ်လုံးသေးသေးလေးက အိပ်ပျော်နေခဲ့ပြီ။ ဝေလင်းကတော့ သူ့အားကြောင်တောင်တောင်ကြည့်နေဆဲ။ မကြာသေးခင်က Bro ဟာ ဝေလင်း၏လက်မောင်းကြားထဲ ကျရောက်သွားတာကို သူကရုတ်တရက်ဆွဲယူခဲ့တာလေ။