မနက်စာထမင်းကြော်စားခဲ့စဥ္ကတည်းက အနည်းငယ်ရစ်၍နာနေခဲ့သည့် သူ့ဗိုက်သည် နေ့လည်စာ မစားခင်တိုင်သည်အထိ အတော်လေး ဒုက္ခပေးနေခဲ့သည်။ အိပ်ယာထနောက်ကျသည်တော့မဟုတ်ပေမဲ့ ဖယ်ရီကိုအကြာကြီးစောင့်နေခဲ့ရသည့်အတွက် သူ့အတွက် အိမ်သာ တက်ချိန်မရှိခဲ့။
ဗိုက်နာသည်။ ရစ်ရစ်၍နာသည်။ လေမလည်၍ပို၍နာသည်။ သက်သာလိုသက်သာငြား အမြဲဆောင်ထားတတ်သော မဟာဖြေဆေးနှင့်ရေသောက္မိသည်။
အရှေ့က ဆရာမသင်သမျှ နားထောင်နေပေမဲ့ သူ့နားထဲဘာမှမဝင်။ recording လေးဖွင့်ကာ အရှေ့ကချထားရသည်။ ချွေးသီးချွေးပေါက်တွေက အဲကွန်းစိမ့်နေသော အခန်းနှင့်မလိုက်ဖက်စွာ ကျဆင်းနေတာမို့ အနားက ကပ်ထိုင်နေသော ဆက်မှူးကပါ ရိပ်မိလာသည်အထိ။
" bro နေမကောင်းဘူးလား "
အေးစက်ကာ ချွေးစို့နေသော သူ့လက်ဖဝါးကို လာဆုပ်ကိုင်သူကြောင့် နဂိုကမှ ကိုယ့်ဘာသာတစ်သီးတစ်သန့်ဖြစ်နေသူမို့ လက်ကိုရုန်းလိုက်ရသည်။
" ဗိုက် .. အောင့်တယ် "
" ဟင် ဆေးသောက်ထားလား Bro "
" အင်း ... ဆရာမမေးရင် ဖြေထားပေးကွာ "
ဟုဆိုကာ Toilet ဆီ ပြေးရပြန်သည်။ မှားစီးလာမိသော sport shoe ကို ကြိုးချည်မနေတော့ပဲ ဒီအတိုင်းစွပ်ကာ ပြေးရသည်။
ရန်ကုန်ဆောင်းသည်သိပ်မအေးလှသော်လည်း သူ့လိုအအေးကြောက်သူအဖို့ ဖျားပါဖျားချင်သည်။ တောင်ပေါ်ဒေသကလာသည်မို့ အအေးနှင့်မစိမ်းသော်လည်း သဘာဝအအေးဓာတ်နှင့် အဲကွန်း၏အအေးဓာတ်သည်လုံးဝမတူပါလေ။
Toilet ထဲရောက်တော့ သောက်ထားသော ဆေး၏အရှိန်ဖြင့် အကုန်စွန့်ထုတ်ရသည်။ လူတစ်ကိုယ်လုံး၏ ကိုယ်တွင်းမှ ကလီစာများပါ ပါသွားပြီလားမှတ်ရအောင် တဝေါဝေါဆင်းနေသော အစာဟောင်းများ၏ အနံ့အသက်ကလည်း အတော်ဆိုးလှသည်။
" bro "
အခန်းတံခါးခေါက်သံနှင့်အတူ ဆက်မှူး၏အသံကပါ ကပ်ပါလာသည်။
" အဆင်ပြေရဲ့လား bro "
" အာ .. အင်း "
" ဆရာမက သင်တန်းလွှတ်လိုက်ပြီ အချိန်ကပိုနေသေးတယ် Bro မသက်သာရင် ကျနော် ဒီဝန်းအပြင်ထွက်ပြီး ဆေးသွားဝယ်ပေးမယ် ... တံတားဟိုဘက်မှာ ဆေးဆိုင်ရှိတယ်တဲ့ "