"မမ စဥ်းစားလို့မရသေးဘူးလား "
ဒီနေ့ Chae နဲ့ Ruto တို့ မောင်နှမ နှစ်ယောက် Ruto ကောင်မလေးအတွက် လက်ဆောင်ပေးဖို့ လိုက်ရှာဝယ်နေကြခြင်းဖြစ်သည်
Chaeကိုယ်တိုင်လည်း အစကတော့ ဒီတိုင်း ဆိုင်ရောက်ရင် ဝယ်စရာတွေ့မှာလို့ထင်ထားပေမယ့် တကယ့်တကယ်ဆိုင်ရောက်တော့လည်း ဘာဝယ်ရမယ်မှန်းမသိခဲ့
ရုတ်တရက် ခေါင်းထဲ အတွေးတစ်ခုဝင်လာတာမို့"Ruto ya အရုပ်မဟုတ်ဘဲ တခြားတစ်ခုခုရော မဝယ်ချင်ဘူးလား"
"မမက ဘာစဥ်းစားမိလို့လဲ"
"Couple shirt လေ Rutoတို့ couple shirt ရှိကြလား"
"မရှိဘူးမမ "
"အင်းအဲ့ဒါဆို မမတို့ အဝတ်အစားဆိုင် သွားကြမယ်လေ "
Lisa မနက်ဖြန်ဆို ဘွားလေးရဲ့ Hotel မှာ အလုပ်စဝင်တော့မှာမလို့ ဒီနေ့ လိုအပ်တာတွေ ဝယ်ရန် ထွက်လာခဲ့သည်
အဓိက ကတော့ဝတ်စုံပေါ့ လီက နည်းနည်းလေး အသန့်ကြိုက်တတ်သူဖြစ်တာမို့ တခြား Chelf တွေနဲ့ အဝတ်အတူတူမသုံးချင်
ဒါကြောင့် သီးသန့် စာဖိုမှူး ဝတ်စုံ ဝယ်ဖို့ ထွက်လာခဲ့ခြင်းပင်ဆိုင်ရောက်တော့ အဆင်သင့်မှာထားတဲ့ Branded Chelf ဝတ်စုံလေးကို ဝန်ထမ်းတွေဆီကနေ ငွေရှင်းပြီး ဝယ်လာခဲ့သည်
နောက်တော့ လီ့အကျင့်အတိုင်း စျေးဝယ်မိရင် မရပ်နိုင်တာမို့ တစ်ခြားဆိုင်တွေပါ လိုက်ပတ်ကြည့်နေမိသည်
တစ်ဆိုင်အရောက် လီ့ခြေလှမ်းတွေ နေရာကနေဆက်မသွားမိဘဲ ကျောက်ချထားသလို ပဲရပ်လိုက်မိသည်
ဆိုင်ထဲမှာ Chaeyoung ရယ် Chaeyoungထက် အရပ်အနည်းငယ်ပိုထောက်တဲ့ ကောင်လေး တစ်ယောက်ရယ် အဝတ်အစားတွေရွေးနေကြသည်လေ
ထိုကောင်လေးက Chaeyoung ရဲ့ ကိုယ်ပေါ်ကို shirt အကျ်ီလေး နဲ့တိုင်းကြည့်ပြီး သူ့လက်ထဲမှာလည်း ထို shirt နဲ့တင်တူ တစ်ထည်ကိုင်ထားသေးသည်
ဘယ်သူပဲကြည့်ကြည့် ဒါဟာ ချစ်သူနှစ်ယောက် Couple shirt ဝယ်နေကြတာပဲ မလား ?

ESTÁS LEYENDO
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ