"Jisoo shi ကျွန်မကိုပြောစရာရှိလို့ဆို"
Jennie တစ်ယောက်တည်း ခြံထဲမှာစာအုပ်ဖတ်နေတုန်း ပြောစရာရှိလို့ဆိုပြီး Jisoo ကရုတ်တရက်ရောက်ချလာသည်လေ
ရောက်လာတော့လည်း ဘာမှမပြောသေးဘဲ ထိုင်ပြီးဟိုကြည့်ဒီကြည့်လုပ်နေသေးတာမို့ jennie ကပဲ စကားစလိုက်ရသည်
"ဟုတ်တယ် Jennie ပြောစရာဆိုတာထက် အကူအညီတောင်းဖို့ပါ"
"ဟုတ် ပြောပါ jisoo"
"အခုဒီတစ်ခေါက် ကျွန်မတို့ရိုက်မယ့် Program က ဝိုင်တွေနဲ့ပတ်သတ်တာတွေရိုက်ရမှာလေ
အဲ့ဒါ ဝိုင်တွေချက်တဲ့စက်ရုံတွေ စပျစ်ဝိုင်တွေထုတ်ပေးတဲ့ စပျစ်ခင်းတွေ အဲ့လိုနေရာတွေအစုံပေါ့
အဲ့ဒါ jennie ရဲ့စပျစ်စိုက်ခင်းအချို့နဲ့ ဝိုင်ချက်တဲ့နေရာတွေမှာ ကျွန်မတို့ရိုက်ချင်လို့ပါ jennie အနေနဲ့အဆင်ပြေမလားလို့လေ""ရပါတယ် Jisoo ရဲ့ ဒါမယ့် စိုက်ခင်းတွေကဒီနဲ့အနည်းငယ်တော့ဝေးတယ်နော်"
"ဟုတ် ကျွန်မသိပါတယ် ဒီကနေဆို ၁နာရီခွဲလောက်တော့သွားရတယ်မလား ကျွန်မတို့ဒီအတွက်ကတော့အချိန်အလုံအလောက်ရှိတာမို့ အဆင်ပြေပါတယ် jennie"
"ဟုတ်ပါပြီ အဲ့ဒါဆိုလည်း ကျွန်မရဲ့စိုက်ခင်းတွေမှာ ရိုက်ဖို့အတွက်ကျွန်မကခွင့်ပြုပြီးသားပါ ဒါနဲ့ဘယ်နေ့လောက်ကိုသွားကြမှာလဲ"
"နောက်အပတ် sunday သွားဖို့စဥ်းစားထားတယ်"
"ဒါဆို ကျွန်မလည်း စိုက်ခင်းတွေဆီသွားမယ့်နေ့ပဲ"
"ဟုတ်လား"
"ဟုတ်တယ် ဒါဆို ကျွန်မတို့တွေ အတူတူသွားကြတာပေါ့"
"အဲ့ဒါပိုအဆင်ပြေတာပေါ့ Jennie ကတော့ စိုက်ခင်းတွေနဲ့ပတ်သတ်တာတွေနဲ့ ဝိုင်လုပ်ငန်းတွေအကြောင်း ဖြေပေးရမယ်နော်"
"အာ အဲ့လိုလုပ်မှဖြစ်မှာလားရှင့်"
TV program ထဲမှာပါရမယ်ဆိုတဲ့ စကားကြောင့် jennie
နည်းနည်းတော့ တွန့်ဆုတ်သွားရသည်"အမေးအဖြေ သဘောမျိုးပါပဲ jennie အဆင်မပြေရင်လည်း အဲ့မှာ ဦးစီးလုပ်ကိုင်နေတဲ့ သူတွေဆိုလည်းရပါတယ်"
YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ