Part 13

1.4K 170 19
                                    

"ဟက်ချိုး"

မ​နေ့က မိုးမိခဲ့တဲ့အရှိန်​ကြောင့် Chaeyoung မနက်နိုးလာ​တော့ ကိုယ်​ငွေ့ပူကာ အဖျားအနည်းငယ်ရှိ​​နေသည်

ညက Lisa နဲ့ဖုန်း​ပြောတုန်းက ​ဆေး​သောက်ပြီးပြီလားဆိုတဲ့ အ​မေးကို မုသားသုံးကာ ပြီးပြီလို့ ​ပြောခဲ့မိတာကိုအခုမှ ​နောင်တရမိသည်

Chaeyoung အ​ကြောက်ဆုံး အရာ​တွေထဲမှာ ​ဆေး​သောက်ရတာလည်း တစ်ခုအပါအဝင်ဖြစ်မည်
ငယ်ငယ်ကတည်းက ​ဆေး​သောက်ရမယ်ဆိုရင်ငိုတဲ့ က​​လေးဖြစ်ခဲ့တယ်တဲ့​လေ

ပုံမှန်ဆို မိုး​ရေထဲ လမ်း​လျှောက်ရုံနဲ့ မဖျား​ပေမယ့် မ​နေ့က Lisa နဲ့အတူရှည်ကြာတဲ့ အနမ်း​တွေကို မိုး​ရေထဲမှာ ဖန်တီးခဲ့ကြတာမို့ ဖျားတာဆို​တော့လည်း Chaeyoung ​ကျေနပ်ပါတယ်

"​ဒေါက် ​​ဒေါက် မမ ကျွန်​တော်ပါ ဝင်လာလို့ရလား"

"အင်း ဝင်ခဲ့ Ruto"

အခန်းထဲဝင်လာပြီး ကုတင်​ပေါ်မှာ လှဲ​နေတဲ့ Chaeyoung ​ဘေးမှာ Ruto ကဝင်ထိုင်လိုက်သည်

"ဖျား​နေတာဆို "

"အင်း နည်းနည်းပါ"

"​ခေါင်းမူးလား မ​နေ့ကမိုးမိလို့ထင်တယ် "

"​ခေါင်းကနည်းနည်း​တော့မူးတယ် "

"​ဆေး​ရော​သောက်ပြီးပြီလား"

"Ruto သိတဲ့အတိုင်း မမက ​ဆေး​သောက်ပျင်းတာကို "

"မ​သောက်ရ​သေးဘူး​ပေါ့ ဟုတ်လား ​ဆေးမ​သောက်ရင်ဘယ်လိုအဖျား​ပျောက်မှာပဲ"

"ရတယ် သူ့ဘာသာ​ပျောက်သွားလိမ့်မယ်"

"မမတို့က​တော့​လေ ​ပြောလို့ကိုမရဘူး"

"ကဲပါ ဒါနဲ့ ruto ကအ​စောကြီး ​ရေမိုးချိုးပြီး ဘယ်သွားမလို့လဲ"

"​မေ့​နေတာလား သဘက်ခါ Dad နဲ့ Mom ရဲ့နှစ်ပတ်လည်​လေ
ပုံမှန်အတိုင်း အိမ်မှာ မုန့်လုပ်စားကြမှာဆို​တော့ အခုကတည်းက လိုအပ်တာ​တွေသွားဝယ်မလိူ့"

"ဟုတ်သားပဲ ရုတ်တရက်ဆို​တော့ ​မေ့သွားတာ Ruto တစ်​ယောက်တည်းသွားမှာလား"

"အင်း မမ​နေမ​ကောင်းဘူးမလား ကျွန်​တော်တစ်​ယောက်တည်းသွားရမှာ​ပေါ့"

Young Belongs To LiLiWhere stories live. Discover now