Part 9

1.3K 165 8
                                    

"Unnie ဒီ​နေ့​​တော့ ဒီ​လောက်နဲ့ပဲရပ်ရ​အောင်​နော် Somi လက်​တွေနာ​နေပြီ"

ဒီ​နေ့က သင်တန်းပိတ်ရက်ဖြစ်​ပေမယ့် somi ခွင့်ယူတဲ့ရက်ကသင်ထားတာ​တွေကို ပြန်သင်​ပေး​နေခြင်းဖြစ်သည်

"​ပျက်တုန်းက​တော့ ပျက်ထားပြီး​နော် အခုမှလက်ကလာနာ​နေတယ်"

"Unnie ကလည်း ​နောက်ပြီး စာ​မေးပွဲလဲ ခုမှပြီးထားတာဆ်ု​တော့ သိပ်ကျင့်သားမရ​သေးလို့ပါ​ ​​နောက်ရက်​တွေကျရင် သင်တန်းလဲ မပျက်​စေရဘူး "

"​ပြောတဲ့စကားသာတည်ပါ​စေ ဒီ​နေ့​တော့ဆင်း​ပေးလိုက်မယ် "

"Unnie က​အ​ကောင်းဆုံးပဲ"

Somi နဲ့ Chae နဲ့ ဟာ Ruto ​ကြောင့်ပိုပြီးရင်းနှီးလာသည်
Somi ကလည်း ပုံမှန်သင်တန်းချိန်မဟုတ်ရင် Chae ကို Unnie ဟုသာ​ခေါ်​တော့သည်

"ဟိုဒါနဲ့​လေ Unnie"

"အင်း somi ဘာလဲ"

"ဟို Liaa Unnie နဲ့က​တော်​တော်​လေး ခင်တဲ့ပုံပဲ​နော်"

"ဟင် ဟုတ်လား somi ကဘာလို့အဲ့လို​ပြောတာလဲ"

"Lisa unnie က သင်တန်းဆင်းရင် လာလာကြိုတာမလား သတိထားမိတာ ၃ရက်​လောက်ရှိပြီ"

"အာ ဟုတ်တယ် သူလာကြို​ပေးတာ"

"​အော် ဒါနဲ့ Lisa Unnie နဲ့ ဘယ်လိုသိကြတာလဲ ​ကျောင်း​နေဖက်​တွေလား"

"မဟုတ်ပါဘူး ဒီတိုင်း အမှတ်မထင်ဆုံမိကြယာက​နေ ခင်သွားတာ"

"​တော်​​တော် ခင်ကြပုံပဲ​နော် Somi က​တော့ Lisa unnie က ခင်တာထက်ပိုမယ်​တောင်ထင်မိတယ်"

Somi ရဲ့စကား​ကြောင့် Chae အိတ်ထဲက်ို ဂစ်တာသိမ်း​နေရာမှ Somi ဘက်လှည့်ကာ

"Somi ကလည်း "

"တကယ်​ပြောတာ Lisa Unnie ရဲ့အကြည့်​တွေက​လေ Unnie အ​ပေါ်မှာမရိုးသားဘူးသိလား ​အဲ့ဒါကို ပထမဆုံး စား​သောက်ဆိုင်မှာ​တွေ့ကြကတည်းက သတိထားမိတာ
​နောက်ပြီး Somi နိုင်ငံခြားမှာ​ကျောင်းတက်တုန်းက Lisa Unnie ကလည်း အဲ့​ကျောင်းမှာတက်ခဲ့တာ​လေ အဲ့က ဆရာမ​တွေ​ပြောတဲ့ Lisa unnie ရဲ့ပုံစံကအခုနဲ့လုံးဝကိုမတူဘူးသိလား"

Young Belongs To LiLiDove le storie prendono vita. Scoprilo ora