Part 20

1.3K 161 20
                                    

"ညီမက Lalisa ပါ  ဒီဘက်က Park Chaeyoung ပါ"

"ဟုတ် Chaeyoung လို့ပဲ​ခေါ်လို့ရပါတယ်"

"ဆို​တော့ Lisa နဲ့ Chaeyoung လို့ပဲ​ခေါ်မယ်​နော်
Unnie က ဒီမှာ တစ်​ယောက်တည်း​နေတာဆို​တော့ Lisa တို့လွတ်လွတ်လပ်လပ်​​နေကြ  အခုလည်း ခရီးပန်းလာကြတာ မလား အ​ပေါ်ထပ်မှာ အခန်းပြင်ထားတယ် သွားနားကြ​​နော်"

Kim Jisoo ကတကယ်ပဲ ​ဖော်​ရွေတဲ့ လူတစ်​ယောက်ဆိုတာ Lisa တို့စ​တွေ​့တွေ့ချင်းမှာပဲ ​ကောက်ချက်ချမိသည်

အ​ပေါ်ထပ်က ပြင်​ပေးထားတဲ့  အခန်း​လေးက သပ်သပ်ရပ်ရပ်​လေးနဲ့ ချစ်ဖို့လည်း ​ကောင်းသည်

အခန်းထဲမှာ ပစ္စည်း​တွေ​နေရာချပြီး​နောက်နှစ်​ယောက်လုံး ကုတင်​ပေါ်မှာ လှဲချလိုက်သည်

"Young ပင်ပန်း​နေပြီ အိပ်​တော့​နော် လာ LiLi ရင်ခွင်ထဲလာ"

Chaeyoung လည်း Lisa ရဲ့ရင်ခွင်ထဲဝင်ကာ ​မျက်လုံးများကို​မှေးစက်ရင်း အိပ်​ပျော်သွားသည်

..
..
..
..
..

"Young ထ​တော့ "

ရင်ခွင်ထဲမှာ အခုထိအိပ်​ပျော်​နေစဲ ဖြစ်တဲ့ Young ရဲ့ ပုခုံး​လေးကို ပုတ်ကာ နှိုး​လေ​တော့ တအင်းအင်းနဲ့ ရင်ခွင်ထဲပဲပိုတိုးဝင်လာတဲ့ ​ကောင်မ​​လေးကြောင့် ခက်ရပြန်သည်

"ထ​တော့ Young ရဲ့ ည​နေ​ရောက်​နေပြီ ညမှပြန်အိပ်​နော်"

"အင်း LiLi "

"လိမ်မာပါတယ် Young က
လာ ​jisoo unnie နဲ့လည်း စကား​လေးဘာ​လေး​ပြောကြရ​အောင် "

Lisa တို့နှစ်​ယောက် လက်ချင်းတွဲကာ ​အောက်ထပ်သို့ဆင်းလာခဲ့သည်

ဧည့်ခန်းထဲမှာလည်း Jisoo ကိုမ​တွေ့တာမို့ လိုက်ရှာမိ​တော့ အပြင်က​နေ ပြန်လာပုံရတဲ့ Jisoo က ခြံထဲကိုဝင်လာတာကို ​တွေ့ရသည်

"နိုး​နေကြပြီပဲ"

"ဟုတ်တယ် Jisoo Unnie အပြင်ကပြန်လာတာလား"

"အင်း ညစာချက်ဖို့အတွက် လိုအပ်တာ​တွေသွားဝယ်လာတာ"

"အဲ့ဒါဆို Lisa လည်း ကူပါမယ်"

"ရပါတယ် ​အေး​အေး​ဆေး​ဆေး​နေပါ Unnie တစ်​ယောက်တည်း လုပ်နိုင်ပါတယ်"

Young Belongs To LiLiWaar verhalen tot leven komen. Ontdek het nu