Part 29

1.2K 159 15
                                    

​ဆောင်းရာသီ​ရောက်စပြုသည့်အချိန်ဖြစ်တာမို့ မနက်​​​စော​စော အပြင်ဘက်ဝန်းကျင်မှာ မြူခိုးတို့ဖြင့်ဆိုင်း​နေ​လေတယ်။
ပြတင်း​ပေါက်တံခါးဟာ အခိုး​ရိုက်ခံထားရတာမို့ ဝိုးတို့ဝါးတားဖြစ်​နေသည်။

ထိုအခန်းငယ်အတွင်းမှာ​တော့ တစ်​ယောက်နှင့်တစ်​ယောက် တင်းကျပ်စွာ ဖက်ထားပြီး အိပ်​ပျော်​နေကြတဲ့​ကောင်မ​လေးနှစ်​ယောက်ရှိကြသည်။

မနက်ဆိုရင် ​စော​စောထ​လေ့ရှိတဲ့ Lisa ဟာဒီ​​နေ့လည်းပဲ ​စောစီးစွာပဲ နိုးလာခဲ့သည်။
​ဆောင်းဥတုဖြစ်သည့်အပြင် ကိုယ်မှာဘာအဝတ်မှကပ်မထား​လေ​ဘဲ ​စောင်ပါးပါးသာခြုံထားသည်မို့ အ​အေးဓါတ်က​တော့စိမ့်ခနဲပင်။

သို့​ပေမယ့် သူမ​ထွေး​​ပွေ့ထားတာဟာ သူသိပ်ချစ်ရတဲ့မိန်းခ​လေးတစ်​ယောက်ဖြစ်​နေတာမို့ ထိုအ​အေးဓါတ်ကို အဲ့ဒီမိန်းက​လေးရဲ့ ကိုယ်​ငွေ့ဓါတ်ကအနိုင်ယူလို့ထားသည်

Lisa မျက်လုံးတို့ကို ဖွင့်ပြီး မိမိရင်ခွင်ထဲမှာ မိမိကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး အိပ်​ပျော်​နေဆဲဖြစ်တဲ့ Chaeyoung ရဲ့မျက်နှာ​လေးကိုကြည့်​နေမိသည်။

အခုထိအိပ်လို့​ကောင်း​နေဆဲ Chaeyoung ရဲ့နှုတ်ခမ်း​လေးဟာ ခပ်​ထော်​ထော်​လေးဖြစ်​နေပြီး ဆူပုပ်ပုပ်​လေးဖြစ်​နေတဲ့ Chaeyoung ရဲ့ရုပ်က​လေးကို Lisa အသဲတယားယားဖြစ်ရသည်။
မ​နေ့ညက သူတို့နှစ်​ယောက်အတူ ချစ်ကြည်နူးခဲ့ကြတာကိုစဥ်းစားမိ​​တော့ ရင်ထဲမှာတလှိုက်လှိုက်နှင့်..။
ထိုခံစားချက်ကို Lisa မ​ဖော်ပြတတ်
ရင်ခုန်တာလား စိတ်လှုပ်ရှား​နေ​သေးတာလား ​ပျော်တာလား
ဒါမှမဟုတ် အဲ့ဒါ​တွေအကုန်လုံးကိုများ တစ်ခါတည်းခံစား​နေရတာလား Lisa မသိ​တော့​ပေ။

အိပ်​ပျော်​နေတဲ့ Chaeyoung ရဲ့​စောင်စနဲ့လွတ်ပြီး ​ပေါ်ဟမ်​နေတဲ့ ပုခုံးသားတို့ကို Lisa ခပ်ဖွဖွ​လေးနမ်းရင်းက​နေ ကိုက်ခဲ​လေ​တော့ ရင်ခွင်ထဲကိုပို၍တိုးဝင်လာတယ်။

အလည်​လေးပဲ ။
သူနိုး​နေရဲ့သားနဲ့ အ​အေးဓါတ်​ကြောင့် Lisa ရင်ခွင်ထဲမှာ အ​နွေးဝင်လှုံ​နေတာ။

Young Belongs To LiLiDove le storie prendono vita. Scoprilo ora