"Young ကငယ်ငယ်လေးတုန်းက တအားချစ်ဖို့ကောင်းတာပဲ"
Chaeyoung နဲ့ Lisa တို့ Chaeyoung အခန်းထဲမှ ကုတင်ပေါ်မှာ လဲလျောင်းရင်း Chaeyoung ငယ်ငယ်ကပုံတွေပြန်ကြည့်နေကြခြင်းဖြစ်သည်
"အဲ့ဒါဆို အခုတော့ရော ချစ်ဖို့မကောင်းတော့ဘူးလား LiLi"
"အခုလား အခုလဲချစ်ဖို့ကောင်းတာပေါ့ Young ရဲ့ ကြည့်ပါဦး LiLi ချစ်သူလေးဖြစ်ပြီး နောက်ပိုင်း ပိုပြီးတောင်ချစ်ဖို့ကောင်းလာသေးတယ်"
"ဟွန့် ကိုယ့်ဘက်ကို ယက်တဲ့ Lalisa က လိပ်ကြီးပဲ"
"LiLi က လိပ်ဆို Young က လိပ်လေးရဲ့ ချစ်သူပေါ့ ဟုတ်လား"
"အာ တော်ပြီ ဒီမှာ ပုံတွေဆက်ကြည့်ကြမယ်"
Chaeyoung တစ်ယောက်ရှက်နေပြီမို့ Lisa ဆက်မစတော့ဘဲ Album ထဲက ပုံတွေက်ုသာ Chaeyoung နဲ့အတူ တက်ကြည့်နေလိုက်သည်
"ကြည့်ပါဦး ငယ်ငယ်ကတည်းက ဂစ်တာကို စွဲလမ်းတာပဲ
ကိုယ့်အရပ်လောက်ရှိတဲ့ ဂစ်တာကြီးကို ကိုင်ထားသေးတာ"Lisa ကဓါတ်ပုံတွေကိုလည်းကြည့်ရင်း.သူ့စိတ်ထဲမှာရှိတဲ့ မှတ်ချက်တွေကိုလည်း ပြောပြနေသည်
"Young နဲ့ ဒါက Young ရဲ့မောင်လေးလား"
"အင်း ဟုတ်တယ် သူမွေးပြီး ၆လလောက်ထင်တယ်
Young ကငယ်ငယ်ကလေ အဲ့လိုကလေးထိန်းရတာ အရမ်းသဘောကျတာ ကလေးသေးသေးလေးတွေရောပဲ အရမ်းချစ်ဖို့ကောင်းတယ်လေ"Chaeyoung ရဲ့အပြောကို Lisa ကဘာမှတုန့်ပြန်မလာဘဲ Chaeyoung မျက်နှာကိုသာ စိုက်ကြည့်နေတာမို့
"ဘာကြည့်နေတာလဲ LiLi yah"
"အော် တွေးမိလို့ပါ
အကယ်၍သာ LiLi နဲ့ Young တို့ရဲ့ ကလေးလေးရခဲ့ရင်ဆိုပြီးတော့လေ""ဟာ LiLi ဘာတွေလာပြောနေတာလဲ ဘာကလေးလဲ ရှက်စရာတွေ"
"ဘာရှက်စရာရှိလို့လဲ Young ရဲ့ LiLi နဲ့ Young တို့လက်ထပ်ပြီးရင် ကလေးယူကြမယ်လေ
ဘာလဲ Young က LiLi ကိုလက်ထပ်ဖို့ထိမတွေးထားဘူးလား အပျော်ကြံတာလား"နှုတ်ခမ်းကြီးဆူကာ ထထိုင်ပြီး ကောက်နေတဲ့ Lisa က်ိုကြည့်ရင်း Chaeyoung မှာရီချင်သော်လည်း ကောက်နေတဲ့ သူ့ကို ချော့ရန် ထရပြန်သည်
YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ