မှန်ရှေ့မှာ ရပ်ကာ နှဖူးပေါ်မှ Bang ကိုသေချာလေးဖြီးပြီး spray လေးပါဖြန်းလိုက်သည်
"ဒီလောက်ဆိုရင်တော့ အားလုံးအဆင်သင့်ပါပဲ"
Lisa ဒီနေ့ Young တို့အိမ်ကိုသွားရမှာဖြစ်တာမို့ ပြင်ဆင်နေခြင်းဖြစ်သည်
အားလုံးပြင်ဆင်ပြီးတဲ့နောက် Young ဆီဖုန်းဆက်လိုက်သည်
"Hello Young "
"အင်း LiLi"
"Morning Young အိပ်ရာကထပြီလား"
"ထပြီပေါ့ LiLi ရဲ့ LiLi ကရော မထသေးဘူးလား"
"အင်း မထသေးဘူး Young ရဲ့ မနေ့ညက ညည့်နက်တဲ့ထိ drama ကြည့်လိုက်မိလို့လေ"
စချင်စိတ်ကြောင့် Lisa လိမ်ပြောလိုက်သည်
တစ်ဖက်က Young ထံမှ တော်တော်နှင့် အသံကထွက်မလာ"အဲ့ဒါဆို မလာတော့ဘူးလား Young တို့အိမ်ကို"
အသံလေးက သပ်သပ်မှ တိုးတိုးလေး
စိတ်မကောင်းဖြစ်သွားပုံရသည်"ဟင် Young တို့အိမ်ကို ဟုတ်လား အာ ဟုတ်သားပဲ LiLi မေ့သွားတယ်"
"LiLi ကွာ မကောင်းဘူး Young ပြောတာကို မှတ်လဲ မထားဘူး "
သူပြောချင်ရာပြောပြီး ဖုန်းချသွားတာမို့ Young စိတ်ဆိုးသွပြီဆိုတာ သိလိုက်ပြီ
"Young ကတော့ကွာ စကားတောင် ပြီးအောင်နားမထောင်ဘူး"
ကောက်စိန််လေးကိုချော့ရတော့မှာမို့ Lisa အချိန်တွဲမနေတော့ဘဲ ဘွားလေးကို သူငယ်ချင်းအိမ်သွားမည် ဖြစ်ကြောင်းနဲ့ တစ်နေကုန်နီးပါးနေဖြစ်မည်ဖြစ်ကြောင်းပြောကာ Young တို့အိမ်သို့ ထွက်လာခဲ့သည်
Young တို့အိမ်ရှေ့ရောက်တော့ ခြံတံခါးက ဖွင့်ထားတာမို့ Lisa ဝင်လာခဲ့သည်
ဧည့်ခန်းထဲမှာလည်း ဘယ်သူမှမရှိတာမို့ ဘေးဘီကို ဝေ့ဝဲကြည့်တော့ Kitchen ထဲမှာ ရှိနေတဲ့ Young တို့မောင်နှမနှစ်ယောက်ကို တွေ့ရသည်
Young က နောက်ကျောပေးထားတာမို့ Lisa ကိုသတိမထားမိ
Young ရဲ့မောင်လေးက Lisa ကိုမြင်တော့ ခေါ်ဖို့လုပ်ပေမယ့် Lisa က ပါးစပ်ကို လက်ညှိုးနှင့်ပိတ်ကာ မခေါ်ဖို့ ပြောပြီး Chqeyoung ကသူ့ကို စိတ်ကောက်နေကြောင်း ပါးစပ်လှုပ်ရုံသာ ပြောပြတော့နားလည်ဟန်နှင့် သူ့အလုပ်သူ ဆက်လုပ်နေလေသည်
YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ