"ပြတ်ကြရအောင်"
ပန်းခြံ လေးထဲမှာ တိတ်ဆိတ်နေပြီး အတွဲကိုယ်စီဟာ သူတို့ရဲ့ သီးသန့်နေရာလေးမှာ ကြည်ကြည်နူးနူးရှိနေကြတယ်
အင်း... ချယ်ယောင်း တို့နဲ့မတူစွာပေါ့
"ဘာလို့လဲ နင်ပဲ ငါ့ကို ၃လလောက်လိုက်ခဲ့တာလေ အခုငါအဖြေပေးပြီးတာမှ ၃ပတ်တောင်မရှိသေးဘူး ပြတ်ရအောင်တဲ့လား"
"လိုက်ခဲ့တဲ့ ၃လမှာရော တွဲခဲ့တဲ့ ၃ပတ်မှာရောငါနင့်ကို တကယ်ချစ်ခဲ့ပါတယ် Baby ရာ ဒါမယ့် ငါအချစ်စစ်ကိုမနေ့ကမှတွေ့လ်ိုက်တာဟ"
"အော် အဲ့တော့ နင်ကငါ့ကို အချစ်တုနဲ့ ချစ်ခဲ့တာပေါ့ ဟုတ်လား ငါ့မှာတော့ နင်ငါ့တစ်ယောက်တည်းကိုပဲ ၃လလောက် လိုက်ခဲ့တာ ငါ့ကို တကယ်ချစ်ရှာမှာပါဆိုပြီး လက်ခံခဲ့ လိုက်တာ အခုတော့ ကောင်းရော ပြတ်ကြရအောင်တဲ့ အေးလေ နင့်ဘက်ကမှ ပြတ်ချင်ရင်လည်း ပြတ်ကြတာပေါ့"
"ငါတို့တွေ ချစ်သူအဖြစ်ကနေ ပြတ်စဲ ကြပေမယ့် အရင်လို သူငယ်ချင်းအဖြစ်တော့ ဖြစ်ခွင်..."
"မရှိဘူး လုံးဝမရှိဘူး နင်ငါ့ရှေ့လဲ ဘယ်တော့မှပေါ်မလာနဲ့"
စကားကို အပြတ်ပြောပြီး Chae ပန်းခြံထဲက ထွက်ခဲ့တော့သည်
မဟုတ်ရင် Bae Suzy ဆိုတဲ့ ထိုမိန်းကလေး
(လွန်ခဲ့တဲ့ နာရီဝက်လောက်အထိတော့ ကိုယ့်ရည်းစားပေါ့)
သူ့ကို ထုရိုက်မိပြီး နေရာမှာတင်သူမေ့သွားနိုင်တယ်အိမ်ပြန်ရောက်တော့ ပြန်လာပြီလား မေးတဲ့ မေမေ့ရဲ့အမေးကို ခေါင်းတစ်ချက်သာ ညိမ့်ပြပြီး အခန်းထဲ ဝင်ခဲ့ကာ ကုတင်ထက်လှဲလျောင်းရင် သူ့ရှေ့မှာတုန်းက ထိန်းထားခဲ့ရတဲ့ မျက်ရည်တွေကို ပါးပြင်ပေါ် ကျဆင်းခွင့်ပေးလိုက်တယ်
အသဲကွဲတယ်လို့ခေါ်တာလား တော့ Chaeမသိ
ပထမဆုံးထားမိတဲ့ ရည်းစားနဲ့ပြတ်တာဆိုတော့ ဝမ်းနည်းတာလဲပါမှာပေါ့
ကိုယ်သူ့ကို ချစ်ခဲ့သလားဆိုတော့ မချစ်ခဲ့သေးပါဘူး
ချစ်ဖို့ကြိုးစားနေတဲ့ အချိန်ပဲရှိသေးတာ
YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ