Part 4

1.4K 180 10
                                    

"​ကျေးဇူးပါ Chaeyoung Li ကိုလိုက်ပို့​ပေး​နေရတာနဲ့ အိမ်ပြန်​နောက်ကျ​တော့မယ်"

သင်တန်း​ရှေ့ကိုတစ်​ခေါက်ပြန်လာရတာမို့ ၆ နာရီ ခွဲ​လောက်ရှိ​နေ​ပြီ​လေ

"ရပါတယ် ​အော် ဒါနဲ့ Lisa ခန​လေး"

Chaeyoung က​ပြောပြီး သူ့အိတ်ထဲကတစ်ခုခုကို ထုတ်​နေပြန်သည်

"​ရော့"

"ဟင် ​ဆေးဘူးလား ဘာ​ဆေး​တွေလဲ "

"ဒီ​တေ့ မစားဘူးတာ​တွေစားထားတာမလား အစာ​ကြေ​ဆေးရယ် ဝမ်းကိုထိန်း​ပေးတဲ့ ​ဆေးရယ် chae လည်းအမြဲတမ်း​ဆောင်ထားမိလို့ ​တော်​သေးတယ်"

"​ကျေးဇူးပါ​နော် Chaeyoung"

"ဟုတ်ကဲ့ အဲ့ဒါဆို Chae ပြန်​တော့မယ်​နောိLisa လည်းဂရုစိုက်ပြီးပြန် "

"​ဒါနဲ့Chaeyoung အိမ်ပြန်​ရောက်ရင် ဖုန်းဆက်ဦး​နော်"

"ဟင် "

"​​အော် ဒီလိုပါ အိမ်​ကောင်း​ကောင်းပြန်​ရောက်ရဲ့လားသိချင်လို့ပါ စက်ဘီးနဲ့ဆို​တော့​လေ ​မှောင်လည်း​မှောင်​နေပြီမို့"

"ဟုတ် ​ဆက်လိုက်ပါ့မယ် အဲ့ဒါဆို Chae သွား​တော့မယ်​နော် "

စက်ဘီး​လေးနဲ့ ထွက်သွားတဲ့ chaeyoung ​လေး မြင်ကွင်းထဲကထွက်သွားမှပဲ Lisa လည်းကားကို​မောင်းထွက်လာခဲ့သည်

ကား​မောင်း​နေတဲ့တစ်​လျှောက်လုံး  လက်ထဲက ​ဆေးဘူး​လေးကို ကြည်ကာ မျက်နှာမှာအပြုံး​တွေဟာထိန်းမရခဲ့

"ဘယ်လိုခံစားချက်ကြီးလဲဟာ "

                            -◾-◾-◾-◾-

"ပြန်လာပြီလား "
အိမ်ပြန်ပြန်​ရောက်​ရောက်ချင်း Ruto အခန်းထဲသွားကြည့်​တော့  Ruto က စာကြည့်စားပွဲမှာ စာလုပ်​နေသည်

"အင်း Ruto စာလုပ်​​နေတာလား"

"ဟုတ်တယ် မနက်ဖြန် စာ​မေးပွဲရှိတယ်​လေ "

"ပင်ပန်းနေပြီလား"

ဆံပင်​လေးကိုခပ်ဖွဖွသပ်​ပေးကာ​​မေး​တော့ Ruto က ​မော့ကြည့်လာတယ်

"မပင်ပန်းပါဘူး ဒါနဲ့ မမက ဒီ​နေ့ date လုပ်လာတာမလား"

Ruto စကား​ကြောင့် Chae မလုံမလဲဖြစ်သွားသည်

Young Belongs To LiLiDonde viven las historias. Descúbrelo ahora