Part 16

1.3K 164 32
                                    

အချိန်​တွေဟာ တ​ရွေ့​ရွေ့နှင့်ကုန်ဆုံးလာရင်း
Lisa နဲ့ Chaeyoung ချစ်သူဖြစ်တာ ဒီ​နေ့ဆို ၃လပင်ပြည့်ခဲ့​လေပြီ

ထို၃လအတွင်းမှာ တစ်​ယောက်ကိုတစ်​ယောက်် နားလည်မှု ယုံကြည်မှု မြတ်နိုးမှု​တွေနဲ့အတူ ခိုင်မာတဲ့ သံ​ယောဇဥ်ကြိုး​လေး​တွေချည်​နှောင်ခဲ့ပြီး​ပြီံ

တစ်ရက်ထက်တစ်ရက် ပိုပိုပြီးချစ်လာကြတာဟာ နှစ်​ယောက်ကြားက တူညီတဲ့ ဖြစ်တည်မှုပင်။

1 လပြည့်မှာ Lisa ကို Chaeyoung က သူကိုယ်တိုင်​ရေးထားတဲ့ Anniversary သီချင်း​လေးလက်​ဆောင်​ပေးခဲ့ပြီး Lisa က​တော့ Anniversary ကိတ်​လေးလက်​ဆောင်​ပေးခဲ့သည်

2 လပြည့်မှာ Lisa နဲ့ Chaeyoung အတူတူ တစ်ရက်အိပ်ခရီးထွက်ခဲ့ကြသည်

3 လပြည့်တဲ့​နေ့မှာ​တော့ Couple ဆွဲကြိုး​လေးဝယ်ခဲ့ကြသည်

Lisa ရဲ့ဆွဲကြိုးမှာ ​သော့ခ​လောက်​လေးပါရှိပြီ Chaeyoung ရဲ့ဆွဲကြိုးမှာ​တော့ ​သော့​လေးတစ်​ချောင်းပါရှိသည်

Lisa ဆွဲကြိုးမှ ​သော့ခ​လောက်​လေးကိုဖွင့်နိုင်သည့် ​သော့မှာ ကမ္ဘာ​ပေါ်တွင် တစ်ခုတည်းသာရှိသည်

အဲ့ဒါက​လည်း Chaeyoung ရဲ့ဆွဲကြိုးမှာပဲဖြစ်သည်

အဲ့ဆွဲကြိုး​လေးဝယ်တုန်းက Lisa က
"LiLi ရဲ့နှလုံးသားတံခါးကို Young တစ်​ယောက်ကပဲဖွင့််နိုင်ခဲ့သလို ဒီဟာ​လေးကိုဖွင့်နိုင်တဲ့ တစ်ခုတည်း​သောအရာကလည်း Young ဆီမှာပဲရှိတယ်" ဟု​ပြောကာ နှစ်​ယောက်တိုင်ပင်ပြီးဝယ်ခဲ့ကြခြင်းဖြစ်သည်

ထိုဆွဲကြိုး​လေးကိုကိုင်ရင်း ဝရန်တာမှာ မတ်တပ်ရပ်ကာ
​နေ့လည်က Date ခဲ့ကြတာ​တွေပြန်စဥ်းစားရင်း Lisa မှာကြည်နူးမိသည်

တစ်စုံတစ်​ယောက်ကိုချစ်မိရခြင်းဟာ ဒီ​လောက်ထိ​လေးနက်လိမ့်မယ့်လို့ တစ်ခါမျှမထင်ခဲ့ဖူးပါ
အခု​တော့ သူပြုံးရင်လိုက်ပြုံးမိ
သူဝမ်းနည်းရင်ကိုယ်ပါမျက်ရည်ကျရ
သူနဲ့အတူဆို အချိန်တိုင်းလှပပြီး
သူနဲ့အတူပဲအချိန်တိုင်းရှိ​နေချင်မိ​တော့တာ

Lisa အဲ့​လောက်အထိ Chaeyoung အ​ပေါ်ရူးသွပ်မိပါသည်

"မမ​လေး"

Young Belongs To LiLiWhere stories live. Discover now