အသက်အရွယ်အားဖြင့် အနားယူသင့်တဲ့အရွယ်ရောက်နေပြီဆိုသော်ငြား အရာရာကိုကိုယ့်လက်ကိုယ့်ခြေသာဖြစ်စေချင်တဲ့ စိတ်ကြီးကြောင့် ယခုအသက် ၇၀ အထိ Ms.Manoban အလုပ်တွေကိုလုပ်နေစဲပင်။
သူမျှော်လင့်တာဟာ မြေးဖြစ်တဲ့ Lisa လေးနဲ့အတူ အလုပ်တွေကိုလက်တွဲလုပ်မယ်။
တစ်သက်လုံးမြေးအဘွားနှစ်ယောက်အတူတူနေသွားကြမယ်လို့မျှော်လင့်ခဲ့ပေမယ့် မြေးဖြစ်သူက ကိုယ့်ကိုဆန့်ကျင်ပြီး ကိုယ်သဘောမတူတဲ့သူနဲ့ ထွက်ပြေးသွားတယ်။
အခုကိုယ့်အနားကိုပြန်ခေါ်လာနိုင်တဲ့အချိန်လည်းရောက်ရော accidence တစ်ခုကြောင့် ဆေးရုံမှာတစ်လကြာအောင် လဲနေရရှာတယ်။တစ်လပင်ကျော်ပြီိဖြစ်သော်လည်း Lisa ယနေ့ထိသတိရမလာသေးပေ။
ဆရာဝန်တွေကတော့ မျှော်လင့်လို့ရနိုင်သေးကြောင်းပြောပေမယ့် မြေးကို အမြန်ဆုံးပြန်ပြီးသတိရလာစေချင်ပြီ။"သခင်မကြီး သခင်မကြီး"
ရုံခန်းထဲကိုအလောတကြီးဝင်လာတဲ့ ချွဲဂျင်ဟီးကြောင့် Ms.Manoban အတွေးစတို့ပြတ်သွားသည်။
"အလောတကြီးနဲ့ ဘာဖြစ်တာလဲ"
"မမလေး Lisa သတိရလာပြီလို့ ဆေးရုံကအကြောင်းကြားပါတယ်"
"ဘာ မြေးသတိရပြီဟုတ်လား "
"ဟုတ်ပါတယ် သခင်မကြီး"
"ဆေးရုံကိုအခုချက်ခြင်းသွားကြမယ်
အတွင်းရေးမှူး Bang အလုပ်တွေကို သေချာဆက်လုပ်ထားပါ"အတွင်းရေးမှူးကိုမှာကြားပြီးတာနဲ့ Ms.Manoban တို့ဆေးရုံသို့လာခဲ့ကြသည်။
Lisa ရှိနေတဲ့အခန်းထဲကို ဝင်လိုက်တော့ lisa ကကုတင်ပေါ်မှာထိုင်နေသည်။
Ms.Manoban သူ့ရဲ့မြေးဆီကိုသွားပြီးပွေ့ဖက်လိုက်သည်။""မြေးလေးရယ် သတိရလာပြီလား ဘွားလေးမြေး"
ဖက်ထားရာကနေခွာကာ သူ့ကိုမေးခွန်းတွေမေးပေမယ့် Lisa ကဘာမှမသိတဲ့လူတစ်ယောက်လို သူ့ကိုကြည့်နေသည်။
"မြေး ဘယ်နားကနာနေသေးလဲဟင် ခေါင်းရောမူးနေသေးလား"
YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ