"Young ရေ LiLi အတွက်အဝတ်အစားလေးထုတ်ထားပေးဦးနော်"
ဒီနေ့အတွက် Lisa အလုပ်ပြန်သွားရမယ့်နေ့ဖြစ်သည်
မနေ့ညက ဝိုင်သောက်ထားတာကြောင့် မူးရိပ်ရိပ်တော့အနည်းငယ်ဖြစ်နေပေမယ့် ရေချိုးလိုက်ရင်တော့ လန်းသွားမှာပါပဲLisa ကသာ ရေချိုးဖို့ပြင်ဆင်နေတာ Chaeyoung ကအခုထိ အိပ်ရာပေါ်မှာရှိနေတုန်းပင်
"အင်းအင်း LiLi
Young ပြင်ထားလိုက်မယ်နော်""မျက်လုံးတောင်မဖွင့်သေးဘဲနဲ့ဘာပြင်ထားမယ်လည်း ထတော့နော် Young"
"အင်းအင်း ဟုတ်ပြီ"
Chaeyoung လည်း အိပ်ရာပေါ်ကနေအမြန်ထရသည်
ညကသူအများဆုံးသောက်ထားတာကိုသူကိုယ်တိုင်လည်းသိသည်
ဒါကြောင့်လည်း အိပ်ရာကနေတော်တော်နဲ့မထနိုင်ဖြစ်နေတာ
ဗီရိုထဲမှ Lisa အတွက် ဝတ်ဖို့အဝတ်အစားတွေထုတ်ထားပြီး Chaeyoung အောက်ထပ်ကို မျက်နှာသစ်ဖို့သွားရသည်"နိုးလာပြီလား Chaeyoung"
"အော် ဟုတ်ကဲ့ Jisoo unnie
Jennie unnie ရော""သူခုနလေးကပဲ ပြန်သွားတာ ဒီမှာ Unnie အမူးပြေ ဟင်းရည်လုပ်ထားတယ် လာသောက်လှည့် မနေ့ညက Chaeyoung အများဆုံးသောက်တာနော်"
"ဟီးဟီး Unnie ကလည်း မျက်နှာအရင်သစ်လိုက်ဦးမယ်နော် ဟင်းရည်အတွက် ကျေးဇူးပါနော်"
Chaeyoung မျက်နှာသစ်ပြီးနောက် jisoo ပြင်ပေးထားသော ဟင်းရည်ခွက်ကို ကိုင်ကာ ချက်ပြုတ်နေသော Jisoo အနားသို့ သွားလိုက်သည်
"Unnie မနက်စာလုပ်နေတာလား"
"ဟုတ်တယ် Chae ဟင်းရည်သောက်ပြီးပြီလား"
"ဒီမှာလေ ခုသောက်မလို့"
Chaeyoung သူ့လက်ထဲက ဟင်းရည်ခွက်ကို jisoo ကိုမြှောက်ပြပြီးနောက် တစ်ခါတည်း မော့သောက်လိုက်သည်
"မနေ့ညက Chae တအားသောက်နိုင်တာနော် Unnie တောင် အံ့သြတယ်"
"Unnie ရယ် အဲ့ဒါက ဝိုင်ပါ ပေးပေး Chae ရောကူလုပ်ပေးမယ် ပြင်သစ်ရဲ့ မနက်ခင်းမှာစားရမယ့် ကင်မ်ချီ ထမင်းကြော်ကတော့ လုံးဝကိုရှယ်ပဲ ဖြစ်နေမှာ"

STAI LEGGENDO
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ