Part 26

1.1K 153 31
                                        

"Ella နဲ့ Chaeyoung က တတိယထပ်က တူရိယာ​တွေ​ရောင်းတဲ့ဆီကိုသွားလိုက်​နော် Unnie ဝယ်စရာပစ္စည်းက ​ဒုတိယထပ်မှာမလို့"

"ဟုတ် Unnie
Ella လာ Unnie နဲ့အတူ တတိယထပ်ကိုသွားကြမယ်"

Ella ​လေးအတွက် ဂစ်တာ​ဝယ်​ပေးဖို့ရန် Jisoo နဲ့ Chaeyoung တို့ Ella နဲ့အတူshopping center တစ်ခုသို့​ရောက်​နေကြခြင်းဖြစ်သည်

တတိယထပ်မှာ တူရိယာမျိုးစုံကိုခင်းကျင်းပြသထားသည်
အရင်ကတည်းက ဂစ်တာ​လေး​တွေကို နှစ်သက်တဲ့ Chaeyoung အဖို့​တော့ ဒီ​နေရာ​လေးက တကယ့်ကိုနိဗာန်ပဲ

"Unnie ​ရွေး​ပေး​လေ Ella ကကျ လှတာ မလှတာပဲကြည့်တတ်တာ ကျန်တာ​တွေကျ Unnie ကပဲ​သေချာ​လေး​ရွေး​ပေး
အဲ့ထဲက Ella အကြိုက်ဆုံးတစ်ခုကိုယူမယ်"

"ဟုတ်ပြီ Ella အဲ့ဒါဆို unnie တို့ဟိုဘက်နား​လေးသွားကြည့်ကြမယ်​နော်"

လှည့်ပတ်ကြည့်ရှုပြီးတဲ့​နောက် Chaeyoung ရဲ့ကိုရီးယားမှာကျန်ခဲ့တဲ့ ဂစ်တာ​လေးနဲ့ အ​တော်​လေးဆင်တူတဲ့ ဂစ်တာ​လေးကိုမြင်မိ​တော့ Chaeyoung သ​ဘောကျသွားသည်

"Ella ဒီဟာ​လေး သ​ဘောကျလား"

"ဝါး အရမ်းလှတာပဲ ဒါမယ့် သူ့ပုံစံက ​စျေးကြီးမယ့်ပုံပဲ"

"ဟုတ်တယ် ​စျေးက​တော့တကယ်ကြီးမှာ အမျိုးအစားလဲ​ကောင်းသလို လက်ရာကလည်း ထိပ်တန်းပဲ ဒါမယ့် အဲ့အတွက်က စိတ်မပူပါနဲ့ Ella ရဲ့အစ်မ Jennie unnie ကသူ့ Card ကို ​ပေးလိုက်တယ် Ella စိတ်ကြိုက်​ဝယ်​ပေးခဲ့တဲ့
ဒါ​လေးသ​ဘောကျလား"

"ဟုတ် ကြိုက်တယ် unnie 
Ella ဒါ​လေးလိုချင်တယ်"

"ဟုတ်ပြီ ဒါဆို ဒါ​လေးပဲ ယူကြတာ​ပေါ့ လာပိုက်ဆံသွားရှင်းကြရ​အောင်"

​ကောင်တာမှာ ပိုက်ဆံရှင်းဖို့​စောင့်​နေရင်း Chaeyoung သူ့ကို တစ်​ယောက်​ယောက်က လိုက်ကြည့်​နေတယ်လို့ ခံစားမိတာမို့ ​နောက်ကိုလှည့်ကြည့်​ပေမယ့် အကုန်လုံးက သူ့အလုပ်နှင့်သူ အလုပ်ရှုပ်​နေကြတယ်
မသက်ာစရာလူလည်း မ​တွေ့မိ
ငွေရှင်းရမယ့်အလှည့်လည်း ​ရောက်ပြီမို့ Chaeyoung လျစ်လျူရှုလိုက်သည်

"ဒီဂစ်တာ​လေးကအရမ်းလှတာ ဦး​လေးကိုယ်တိုင်​တောင် သ​ဘောကျရတာ​လေ "

Young Belongs To LiLiDonde viven las historias. Descúbrelo ahora