Part 19

1.1K 165 15
                                    

"သူ့နာမည်က Kim Jisoo တဲ့ Somi ငယ်ငယ်က ​ကျောင်းပိတ်ရက်ဆို Busan ကအဘွားရဲ့အိမ်မှာသွား​နေတတ်တယ် အဘွားအိမ်ရဲ့ ​ဘေးမှာ အ​ဒေါ်တစ်​ယောက်နဲ့ သူ့တူမနဲ့​နေတယ် သူ့တူမဆိုတာ Jisoo Unnie ​ပေါ့
အဲ့တုနိးက Somi က 12 နှစ် သူက 19 နှစ်ဆို​တော့ Somi ထက် 7 နှစ်​လောက်ကြီးတယ် unnie တို့နဲ့ဆိုရင်​တော့ 1 နှစ်​လောက်ပဲကြီးမှာ​ပေါ့ သူနဲ့ somi နဲ့ကအဲ့ကတည်းကရင်းနှိးတယ်​လေ သူက​ဖော်​ရွေတယ် သ​ဘော​ကောင်းတယ်"

Somi ​ပြောတာကို Lisa တို့သုံး​ယောက်လုံး စိတ်ဝင်တစားနား​ထောင်​နေကြသည်မို့ Somi လည်း လည်​ချောင်းကိုရှင်းကာ ဆက်​ပြောလိုက်သည်

"​နောက် Somi နိုင်ငံခြားကို ​ကျောင်းသွားတက်​တော့ သူနဲ့မ​တွေ့ဖြစ်​တော့ဘူး ဒါမယ့် Ig မှာ​တော့ အဆက်အသွယ်ရှိတယ် "

"သူက Unnie တို့ကို.ဘယ်လိုကူညီနိုင်မှာလဲ "

Chaeyoung ရဲ့အ​မေးကို Somi တစ်ချက်ပြုံးကာ

"သူက နိုင်ငံခြားမှာ TV program ​တွေရိုက်တဲ့သူ​လေ
​နောက်ပြီး Somi သိရ​သ​လောက်သူစစချင်းက Thailand ဘက်မှာ
​နောက်တော့ ပြင်သစ်​ဘက် ကူးသွားတယ်ထင်တယ်
မ​နေ့က သူ ig မှာ တင်ထားတဲ့ Post  အရ ဒီရက်ပိုင်း သူ ကိုရီးယား ပြန်​ရောက်​နေတယ်
​အဲ့​တော့ Unnie တို့က အခုသူနဲ့ဆက်သွယ်ပြီး သူပြင်သစ်ပြန်တဲ့အချိန်ကျ လိုက်သွားကြ​ပေါ့"

Lisa နဲ့ Chaeyoung တစ်​ယောက်မျက်နှာ တစ်​ယောက်ကြည့်လိုက်ကြသည်

သူတို့အ​နေနဲ့ ဒီ​​​ရေ  ဒီ​မြေကို စွန့်ဖို့အတွက် နည်းနည်း​တော့ ​တွေ​ဝေမိသည်

"Unnie တို့ နိုင်ငံခြားအထိ ထွက်သွားဖို့ခက်ခဲ​နေမယ်ဆိုတာ သိပါတယ် Somi mကဒီတိုင်းအကြံ​ပေးရုံပါ"

"အင်း somi ​ပြောတာလည်း မှန်ပါတယ်
ဒီနိုင်ငံမှာဆို ဘွား​လေးရဲ့လူ​တွေနဲ့ ချက်ချင်းမိနိုင်တယ်"

M Group ရဲ့ ​ဆက်ခံသူအဖြစ် ​ကြေညာပြီးကတည်းက Lisa ကို ဒီနိုင်ငံမှာ မသိတဲ့သူ ခပ်ရှားရှားပင်

"Young ဘယ်လိုသ​ဘောရလဲဟင် LiLiနဲ့အတူ လိုက်ခဲ့ဖို့ အဆင်သင့်ဖြစိပြီလားဟင်"

"LiLi ​တောင်ဆုံးဖြတ်ချက်ချရဲ​သေးတာပဲ Young လည်း LiLi လိုပြတ်သားရမှာ​ပေါ့"

Young Belongs To LiLiWhere stories live. Discover now