Part 21

1.2K 162 5
                                    

Lisa တို့အိပ်ရာမှနိုးလာ​တော့ နှစ်​ယောက်အတူ အခန်းထဲမှထွက်ကာ ​အောက်ထပ်သို့ဆင်းလာခဲ့သည်

Jisoo အပုင် တစ်ခြားမိန်းက​လေးတစ်​ယောက်ရဲ့အသံက်ိုပါကြားရတာမို့ ဧည့်သည်​ရောက်​နေတာဖြစ်မည်ဟု​တွေးမိသည်

ဧည့်ခန်းထဲကို နှစ်​ယောက်သားဝင်ခဲ့​တော့ jisoo နဲ့ စကားအတူ​ပြော​နေ​သော တခြားမိန်းက​လေးတစ်​ယောက်ပါ​တွေ့ရ​လေသည်

"​အော် Lisa Chaeyoung လာ ဒီမှာလာထိုင်ကြ"

Lisa တို့လည်း Jisoo ရဲ့​ဘေးမှာ ဝင်ထိုင်လိုက်ကြသည်

"Jennie ဒါက ကျွန်မ​ပြောတဲ့ Lisa နဲ့ Chaeyoung
ဒါက Jennie တဲ့ unnie ​ပြောတဲ့ အိမ်ပိုင်ရှင်​လေ "

"​အော် ဟုတ်ကဲ့ ​တွေ့ရတာဝမ်းသာပါတယ် "

"​တွေ့ရတာဝမ်းသာပါတယ် jennie Unnie"

"Lisa နဲ့ Chaeyoung သက်သက်သာသာ​နေကြပါ
ကျွန်မလည်း ​တွေ့ရတာဝမ်းသာပါတယ်"

"Jennie ကိုကြိုမ​ပြောမိလို့ ကျွန်မက စိတ်မ​ကောင်းဖြစ်​နေတာ Lisa တို့ကလည်း အကူအညီလို​နေတာနဲ့ ကျွန်မကူညီ​ပေးလိုက်တာ"

"ရပါတယ် Jisoo shi ​ဒါ​တွေ​ပြော​နေစရာမလိုပါဘူး
ကျွန်မ အ​နေနဲ့လည်း အခုလိုမျိုး ကိုယ့်လူမျိုး​တွေနဲ့ ပိုပြီး နီးနီးကပ်ကပ်​နေရတာ အဆင်​ပြေပါတယ် "

"ဟုတ်​ကျေးဇူးပါ Jennie"

"အဲ့ဒါဆို ကျွန်မပြန်လိုက်ပါဦးမယ် Lisa နဲ့ Chaeyoung
ကျွန်မ ပြန်လိုက်ပါဦးမယ်​နော်"

"ဟုတ်ကဲ့ပါ Jennie unnie"

Lisa ​နဲ့ Chaeyoung  Jennie ကိုနှုတ်ဆက်အပြီးမှာ Jennie ရဲ့အပြုအမူတစ်ခု​ကြောင့် မျက်လုံးပြူးသွားကြသည်

Jennie က သူ့​ဘေးမှ စတီးတုတ်​ချောင်း​လေးကို အားပြုပြီး မတ်တပ်ရပ်​နေရတယ်

ရုတ်တရက်​တော့ အံ့အားသင့်သွား​ပေမယ့် သူတိူ့ရဲ့ တုန့်ပြန်မှု​ကြောင့် Jennie စိတ်မ​ကောင်းဖြစ်မှာဆိုးတာမို့ ပုံမှန်အတိုင်းပဲ ပြန်​နေလိုက်ကြရသည်

Jennie က​တော့ ထိုတုတ်​ချောင်း​လေးကို အားပြုပြီး အိမ်ထဲက​နေထွက်သွား​လေသည်

Young Belongs To LiLiTempat cerita menjadi hidup. Temukan sekarang