ခေါင်းထဲမှာတစ်ဆစ်ဆစ်နဲ့ကိုက်ခဲလာတာကြောင့် လုပ်လက်စအလုပ်တို့ကိုရပ်ကာ အံဆွဲထဲမှ ဆေးဗူးကိုယူပြီး ဆေးအချို့သောက်လိုက်သည်။
Accident ဖြစ်ပြီးတဲ့နောက် အခုလို ခေါင်းကိုက်တာမျိုး Lisa ခနခနဖြစ်သည်။
အထူးသဖြင့် မနေ့ညကလို အိပ်မက်မျိုးမက်တဲ့အခါမျိုးမှာပေါ့။
အဲ့ဒီအိပ်မက်က တစ်ပတ်မှာတစ်ခါလောက်တော့ မက်တတ်တယ်။ဘယ်လိုအိပ်မက်မျိုးလဲဆို
အဲ့ဒီအိပ်မက်ထဲမှာ မိန်းကလေးနှစ်ယောက်လက်ချင်းတွဲပြီး လမ်းမပေါ်မှာ အတူတူလျှောက်သွားကြတာတွေ။
တစ်ယောက်နဲ့တစ်ယောက်ကြည်စားနေကြတာတွေ။
နောက်ပြီး လမ်းသွယ်တစ်ခုရဲ့ အုတ်ခုံလေးမှာ နှစ်ယောက်သား တင်းတင်းကျပ်ကျပ်ဖက်ထားကြတာတွေ။
အင်း....
နောက်ဆုံး ကုတင်ပေါ်မှာ ချစ်တင်းနှောကြတာတွေအထိပဲ။ဘာကြောင့်များ ထိုအိပ်မက်မျိုးကို Lisa ခနခနမက်နေရသလဲမသိသလို အိပ်မက်ထဲကမိန်းကလေးနှစ်ယောက်ကိုလဲ မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသည်မို့ ဘယ်သူတွေမှန်းသူမသိပေ။
နောက်ပြီး အဲ့ဒီလမ်းသွယ်ကို ရင်းနှီးနေသလိုရှိပေမယ့် ဒီအိမ်ပတ်ဝန်းကျင်မှာ အဲ့လိုလမ်းမျိုးမရှိပေ။
အတင်းစဥ်းစားလေ ခေါင်းတွေပိုကိုက်လေ ဖြစ်တာမို့ ထိုကိစ္စတွေကိုမစဥ်းစားဖြစ်အောင် အတတ်နိုင်ဆုံးနေရတယ်။အလုပ်စားပွဲမှ ထကာ စိတ်ပြေလက်ပျောက်ဖြစ်အောင် ပြတင်းပေါက်နားမှာရပ်ပြီး အပြင်ဘက်ပတ်ဝန်းကျင်ကိုကြည့်မိသည်။
ဆေးရုံကဆင်းပြီးကတည်းက Lisa ရဲ့အဘွားက သူ့ကိုဒီအိမ်ကိုခေါ်လာခဲ့သည်။
အဘွားက သူ့ကိုအရင်အတိတ်ကအကြောင်းတွေကို နည်းနည်းချင်းပြောပြလာတာ အခုဆို သူတော်တော်များများကိုတော့ သိနေပါပြီ။Lisa ဟာ Ms.Manoban ရဲ့အမွေတွေအားလုံးကိုဆက်ခံရမယ့် တစ်ဦးတည်းသောမြေး။
Ms.Manoban ရဲ့လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ ပြင်ဆင်နေစဥ်မှာပဲ ကား accident ဖြစ်ခဲ့ရသည်တဲ့။အခုအတော်လေးသက်သာနေပြီမို့ ထိုလုပ်ငန်းတွေကို Lisa စပြီးလုပ်ကိုင်နေပြီဖြစ်သည်။
အတိတ်မေ့နေတယ်ဆိုပေမယ့် လုပ်ငန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုတော့ သူတို့တစ်ချက်ပြောလိုက်တာနဲ့ နားလည်သည်။
YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ