Part 23

1.4K 169 24
                                    

Lisa ပထမဆုံးအလုပ်လုပ်တဲ့​နေ့မှာပဲ ဝန်ထမ်း​တွေ​တော်​​တော်များများနဲ့ရင်းနှီးသွားခဲ့သည်

နိုင်ငံခြားသူဖြစ်တာကတစ်​ကြောင်း လှပတဲ့ ရုပ်ရည်​​ကြောင့် တစ်​ကြောင်း Lisa ကို​ ဝန်းထမ်း​တွေက လာပြီး မိတ်ဆက်ကြသည်

ပထမဆုံးအလုပ်ဝင်တဲ့ ​နေ့မို့ စိတ်လှုပ်ရှား​နေ​ပေမယ့် အဆင်​ပြေ​ပြေပဲ ပြီးဆုံးခဲ့သည်

အိမ်မှာ​စောင့်ကြို​နေမယ့် ချစ်ရသူအ​ကြောင်း​တွေးမိတာနဲ့တင် အပြန်လမ်းမှာ အပြုံး​တွေ​​ဖြစ်ထွန်းရတယ်

အလာတုန်းကလိုပဲ Bus ကားနဲ့ပဲ Lisa ပြန်လာခဲ့သည်

အိမ်နဲ့အနီး​ဆုံး မှတ်တိုင်မှာ ဆင်းပြီး​နောက် အိမ်အထိ လမ်း​လျှောက်ပြီးသာ ပြန်ခဲ့သည်

ခြံတံခါးဖွင့်ပြီးသားဖြစ်တာမို့ အဆင်သင့်ပဲဝင်လာခဲ့သည်

အိမ်ထဲ​​ရောက်​တော့ ဧည့်ခန်းကဆိုဖာမှာထိုင်​နေတဲ့ Chaeyoung က Lisa ကိုမြင်တာနဲ့ အ​ပြေးလာဖက်သည်

"LiLi အလုပ်မှာအဆင်​ပြေခဲ့ရဲ့လား"

"​​ပြေတာ​ပေါ့ Young ရဲ့
တစ်​ယောက်တည်းပျင်း​နေတာလား"

"မပျင်း​တော့ မပျင်းပါဘူး
​နေ့လည်ကလည်း Jennie unnie နဲ့စကား​ပြောဖြစ်​သေးတယ်"

"​တော်​သေးတာ​ပေါ့ LiLi က Young ​လေးပျင်း​နေမှာစိုး​ရိမ်နေတာ"

"LiLi က်ိုသာ Young ကအလုပ်မှာအဆင်​ပြေပါ့မလားစိတ်ပူ​နေရတာ ပင်ပန်း​နေပြီလား"

"အင်း နည်းနည်းပါ Young ရဲ့"

"အဲ့ဒါဆို ​ရေသွားချ်ုးလိုက်ဦး Young က LiLi အတွက် တစ်ခုခုစားဖို့လုပ်ထား​ပေးမယ််"

"ဟုတ်ပါပြီ  အဲ့ဒါဆို LiLi ​ရေသွားချိုးလိုက်ဦးမယ်"

Lisa ​ရေချိုးဖို့ အခန်းထဲဝင်သွားတာနဲ့ Chaeyoung လည်း မီးဖိုထဲမှာ Lisa အတွက် အသီး​တွေလှီး​ပေးရင်း Lisa ကို​စောင့်​နေလိုက်သည်

"​ရေချ်ုးပြီးခဲ့ပြီလား LiLi"

"အင်း ပြီးပြီ"

"​ရော့ ဒီမှာ အသီး​တွေ Young ကိုယ်တိုင်ခွဲ​ပေးထားတာ​နော်"

Young Belongs To LiLiWhere stories live. Discover now