Lisa ရဲ့စကားအဆုံးမှာ Chaeyoung လည်း Lisa ကိုနားလည်မိသည်
အမြဲ မိသားစုအကြောင်းပြောတိုင်းညှိုးနွမ်းသွားတတ်တဲ့ မျက်နှာလေးကိုမြင်ယောင်မိလာသည်
Chaeyoung တို့မိသားစုနှင့်ရှိနေစဥ်က အတောက်ပဆုံးပြုံးနေခဲ့တဲ့ Lisa ရဲ့အပြုံးလေးကိုပြန်မြင်ယောင်မိသည်မိသားစုမေတ္တာငတ်နေရတဲ့သူအဖို့ စည်းစိမ်ဥစ္စာတွေဟာ သူ့အတွက်တော့ မွမ်းကျပ်စရာဖြစ်နေမိမှာ
အနွေးထွေးဆုံးမေတ္တာကိုသာ Lisa တမ်းတနေမိမယ်ဆိုတာ Chaeyoung သဘောပေါက်သည်"Young ..
LiLi ကိုစိတ်မဆိုးပါနဲ့နော်
ခုနက သင်တန်းရှေ့မှာကတည်းက Young ရဲ့မျက်နှာမကောင်းတော့ LiLi ကစိတ်မကောင်းဖြစ်နေတာ
အစကတော့ တခြားကိစ္စကြောင့် စိတ်ညစ်စရာရှိလို့လို့ထင်ခဲ့ပေမယ့် အခုက Young ကို စိတ်ညစ်စေတာ LiLi ဖြစ်နေတာဆိုတော့ LiLi တကယ်တောင်းပန်ပါတယ်နော် Young""မလိုပါဘူး LiLi
တကယ်တော့ Young ကလည်း ရုတ်တရက်ဆိုတော့ တွေဝေသွားမိလို့ပါ LiLi တောင်းပန်စရာမလိုဘူးနော်""အဲ့ဒါဆို Young စိတ်မဆိုးတော့ဘူးမလားဟင် LiLi ကို"
"အင်း အစကတည်းက စိတ်မဆိုးပါဘူး
မပွင့်လင်းခဲ့တဲ့ LiLi ကြောင့် စိတ်မကောင်းဖြစ်မိရုံပါပဲ""တော်သေးတာပေါ့ LiLi တော့ Young စိတ်ဆိုးမပြေရင် ဘယ်လိုမှနေတတ်မှာ မဟုတ်ဘူးသိလား"
"နေပါဦး ဒါနဲ့ LiLiက အဲ့ဒီ ပွဲမှာရှိနေရမှာမဟုတ်ဘူးလား ပွဲကပြီးသွားတာလား "
"တကယ်တော့ မပြီးသေးဘူးရယ်
အရမ်းမွန်းကျပ်လာလို့လေ အိမ်ကိုပြန်လာပြီး နားဖို့လုပ်နေတာ မိုးကရုတ်တရက်ရွာလာတော့ Young ကိုစိတ်မချလို့ လာကြိုတာ""LiLi ရယ် ပင်ပန်းနေမှာပဲ"
"Young မျက်နှာလေးကိုမြင်ပြီးကတည်းက အဲ့လိုမဖြစ်တော့ဘူး လန်းဆန်းသွားပြီ
အာ မိုးတောင် တိတ်သွားပြီပဲ"ကားပြတင်းပေါက်ကနေ အပြင်ဘက်ကိုကြည့်မိတော့ ခုနက သည်းနေခဲ့တဲ့မိုးဟာ.အခုတော့ပျောက်ကွယ်သွားလေပြီ

YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ