တစ်ပတ်ဆိုတဲ့ အချိန်ဟာ ဘယ်လောက်အထိကြာမှန်း Chaeyoung မတွေးမိခဲ့
Lisa နဲ့မတွေ့ရတဲ့ ဒီတစ်ပတ်ကတော့ အရှည်ကြာဆုံးပဲဖြစ်မည်
အဲ့နေ့ကအဖြစ်အပျက်တွေပြီးတဲ့နောက်မှာ Mom က Chaeyoung အပေါ်အရမ်းတင်းကျပ်လာသည်
သင်တန်းကလည်း ၁၀ ရက်ပိတ်ထားတာပြန်မဖွင့်သေးတာမို့ အိမ်ထဲမှာပဲ နေနေရသည်
Ruto ကတစ်ခါတရံဟာသတွေလာလုပ်ပြပေမယ့် စိတ်ရှိလက်ရှိမရီနိုင်တာမို့ အားနာမိသည်
Lisa ရော ?
Lisa ရော အခုချိန်ဘယ်လိုများနေမလဲ တွေးမိတော့ နှလုံးသားလေးကနာကျင်ရပြန်တယ်လွန်ခဲ့တဲ့ ၂ရက်လောက်က Ruto အပြင်ထွက်ရင်း Lisa ကိုတွေ့ခဲ့တယ်တဲ့
ဘေးမှာ ဝတ်စူံအနက်နဲ့ လူ၄ယောက်လောက်ပါတယ်ဆိုတာ သူ့ရဲ့အဘွားဖြစ်သူထည့်ပေးလိုက်တဲ့ ကိုယ်ရံတော်တွေပဲနေမှာပေါ့လွတ်လွတ်လပ်လပ်နေချင်ရှာတဲ့ Lisa လည်း ဒီအခြေအနေကြီးကိုလုံးဝနှစ်ခြိုက်မှာမဟုတ်သလို သူ Chaeyoung ရှေ့ပေါ်မလာတာဟာ သူလည်း Chaeyoung လိုချုပ်ခြယ်ခံနေရတာဖြစ်နိုင်သည်
Mom ဝယ်ပေးတဲ့ ဖုန်းအသစ်မှာ sim card မပါဘဲ အပျင်းပြေကစားစရာ ကလေး Game တွေသာပါသည်
အခန်းထဲမှာပဲတစ်နေကုန်နေပြီး ထို Game တွေထိုင်ဆော့နေပေမယ့် Lisa ကိုလွမ်းတဲ့စိတ်ကတော့ အတောမသတ်နိုင်ခဲ့
"မမ ကျွန်တော်ဝင်ခဲ့မယ်နော်"
"အင်း Ruto ဝင်ခဲ့"
ကုတင်ထက်မှာ လှဲလျောင်းနေရာမှ ထကာ ခေါင်းအုံးကို လက်မှာပိုက်ပြီး ဝင်ထိုင်ဖို့ ကုတင်ပေါ်ကိုပုတ်ပြတော့ Ruto ကကုတင်ထက်မှာ Chaeyoung နဲ့မျက်နှာချင်းဆိုင်ကနေထိုင်လိုက်သည်
"ဒီရက်ပိုင်း အစားသိပ်မစားတာသိသာတာပဲ အရမ်းပိန်သွားတယ်"
"စားလို့မှမဝင်တာ Ruto yah"
"Lisa Noona သာသိရင် စိတ်မကောင်းဖြစ်နေမှာ "
"သူမှငါ့ကိုလာမတွေ့တာလေ"
"Lisa Noona ကလည်း လာတွေ့ချင်ရှာမှာပါ
မဟုတ်ကို လာကိုလာတွေ့ချင်မှာ ဒါမယ့် ကျွန်တော် အဲ့နေ့က တွေ့ခဲ့ရတဲ့အခြေအနေအရဆို သူ့နားမှာ ကိုယ်ရံတော်တွေအမြဲရှိပုံပဲ"

أنت تقرأ
Young Belongs To LiLi
أدب الهواةYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ