Chaeyoung တို့တွေ အိမ်ပြန်ရောက်တော့ Jisoo unnie ကရောက်နှင့်နေပြီ
အပြင်ကနေပြန်လာတဲ့ Chaeyoung တို့ကိုမြင်တော့ Unnie ကသောက်လက်စအအေးဘူးကိုလက်မှာကိုင်ရင်းကနေပဲ ဧည့်ခန်းကိုရောက်လာသည်
"အိမ်ပြန်ရောက်တော့ တစ်ယောက်မှရှိမနေလို့ လန့်သွားတာပဲ အပြင်သွားကြတာလား "
"ဟုတ်တယ် unnie ရဲ့ အလုပ်သွားရှာတာ"
"အော် အလုပ်ကရောရခဲ့ပြီလား လိုအပ်ရင် Unnie ကိုပြောလေ "
"ဟုတ် Li ကစားသောက်ဆိုင်တစ်ခုမှာ အလုပ်ရခဲ့ပါပြီ"
"Chae ကတော့ ဘာအလုပ်လုပ်ရမယ်မှန်းမသိသေးဘူး unnie"
"Korea မှာတုန်းက Chae ကဘာလုပ်တာလဲ"
"ဂစ်တာတီးသင်တန်းဖွင့်ထားတာ အခုတော့ လူလွှဲပေးခဲ့ရတာပေါ့ သင်တန်းကို "
"Chae ကဂစ်တာတီးတတ်တယ်ဆိုတော့ အဲ့ဒါနဲ့အဆင်ပြေမယ့် အလုပ်တစ်ခုခု Unnie စုံစမ်းပေးပါမယ် "
"Unnie အလုပ်ရှုပ်နေပါမယ် Chae ဘာသာပဲစုံစမ်းပါမယ်"
"အင်း Chae ဘာသာ Chae လည်းစုံစမ်း Unnie ကလည်း ကူပြီးစုံစမ်းပေးမယ် ဟုတ်ပြီလား"
"ဟုတ် Unnie ကျေးဇူးပါနော်"
"ရပါတယ် အပြင်ကပြန်လာတာဆိုတော့ နှစ်ယောက်နားကြတော့လေ "
"ဟုတ် Unnie အဲ့ဒါဆို Li တို့ရေသွားချိုးလိုက်ဦးမယ်"
Jisoo unnie ကိုနှုတ်ဆက်ကာ Lisa တို့အခန်းထဲသ်ို့ဝင်လာခဲ့သည်
အခန်းထဲရောက်တော့ တစ်မနက်လုံး လမ်းလျှောက်ထားရတာမို့ ညောင်းကိုက်နေတဲ့ ခန္ဓာကိုယ်ကို အိပ်ရာထက်မှာ အတူလှဲလျောင်းပစ်လိုက်ကြသည်
Lisa က Chaeyoung ဘက်ကိုလှည့်ကြည့်ပြီးနောက် မရိုးသားတဲ့အပြုံးတစ်ခုနဲ့အတူ Chaeyoung ရဲ့ကိုယ်ပေါ်မှာအုပ်မိုးပစ်တော့ လန့်သွားတဲ့ Chaeyoung က မျက်လုံးလေးအပြူးသားနဲ့ Lisa ကိုကြည့်နေလေသည်
"LiLi ဘာလုပ်တာလဲ "
"ဟင် ဘာလုပ်တယ်ထင်လဲ"
"ဖယ်ပါ သွားရေသွားချိုးချည်"
"Young ချိုးပေးမလား"
YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ