Part 12

1.5K 174 16
                                    

မှန်​ရှေ့မှာရပ်ကာ အဝတ်အစားတစ်စုံပြီးတစ်စုံလဲ ​နေမိသည်မှာ တစ်နာရီနီးပါးပင်ရှိ​​နေ​ပေပြီ

​နောက်​ဆုံးဝတ်ထားတဲ့ ဂါဝန်​လေးကအဆင်​ပြေသလ်ိုလို​တော့ရှိ​ပေမယ့် မှန်ထဲမှာ​သေချာရပ်ကြည့်​တော့ Chaeyoung သိပ်စိတ်တိုင်းမကျ

ကုတင်​ပေါ်မှာပြန့်ကျဲ​နေတဲ့ အဝတ်​တွေကို တစ်ချက်ကြည့်လိုက်ပြီး ညည်းတွားလိုက်သည်

​နောက်​ဆုံး တီရှပ်အဖြူ​လေးနဲ့ စကပ်နက်ပြာ​လေးကို​တော့ စိတ်တိုင်းအကျဆုံးဖြစ်တာမို့ အဲ့ဒီအဝတ်အစားသာဝတ်ရန်ဆုံးဖြတ်လိုက်သည်

​ရွှေအို​ရောင်ဆံနွယ်တွေကို အနက်​ရောင် ဖဲကြိုး​လေးနှင့်စီး​နှောင်လိုက်သည်

သိပ်ပြီး အ​​ရောင်မ​တောက်တဲ့ နှုတ်ခမ်းဆီကို နှုတ်ခမ်းမှာ လိမ်းခြယ်ပြီးတဲ့​နောက် နာရီက်ုကြည့်​တော့ ၈နာရီ၄၅မိနစ်

Lisa နဲ့ချိန်းထားတာဟာ 9 နာရီိဖြစ်တာမို့ သိပ်မလို​တော့

ချစ်သူ​တွေဖြစ်ပြီး​နောက်First date ဖြစ်တာမို့ ရင်ခုန်​နေမိတာ ဆန်း​တော့မဆန်းဘူးမလား

Chaeyoung ဖုန်း​လေးကို ယူပြီး အဆင်သင့်ဖြစ်ပြီဖြစ်​ကြောင်း Lisa ဆီ message ပို့ပြီး ၃မိနစ်အကြာမှာပဲ လမ်ူထိပ်​ရောက်​နေပြီဟူသည့် Lisa ရဲ့ message ကပြန်ဝင်လာသည်

သိုး​မွေးထိုး​နေတဲ့ ​မေ​မေ့ကို နှုတ်ဆက်ပြီး လမ်းထိပ်ကို ​ခြေလျင်​လျှောက်လာခဲ့သည်

အနက်​​ရောင် ရှပ်အကျ်ီနှင့် ဂျင်း​ဘောင်းဘီ​လေးကိုတွဲဖက်ဝတ်ဆင်ထားပြီး ကားအနက်​ရောင်ကို မှီကာ Chaeyoung ကိုအပြုံးနှင့်ဆီးကြို​​နေသည့် Lisa ကို Chaeyoung  လက်နှစ်ဖက်လုံး​မြှောက်ယမ်းပြရင်း သူရီရာဆီ ​ပြေးကာသွားလိုက်သည်

"​ဖြေး​ဖြေးလာမှ​ပေါ့ Young ရဲ့ ​​​ချော်လဲ​နေမှဖြင့်"

"မ​ချော်ပါဘူး LiLi ရဲ့"

"အင်းပါ LiLi ကစိတ်ပူလို့ လာကား​ပေါ်တက်"

တံခါးအဆင်သင့်ဖွင့်​ပေးတတ်တဲ့  Lisa ရဲ့အပြုအမူဟာ Chaeyoung သ​ဘောကျရတဲ့အချက်​တွေထဲကတစ်ခုဖြစ်မည်

Young Belongs To LiLiWhere stories live. Discover now