Part 11

1.4K 183 15
                                    

Lisa အခုထိမယုံနိုင်​သေးပါ
Young ဘက်က Lisa  ကိုစဥ်းစားဖို့ အချိန်အ​တော်ကြာ​အောင်ယူလိမ့်မယ်ထင်ထား​ပေမယ့် မ​နေ့ကပဲ သူ့ကိုအ​​ဖြေပြန်​ပေးခဲ့သည်တဲ့​လေ

Young နဲ့ ချစ်သူ​တွေဖြစ်သွားပြီဆိုတဲ့ အသိစိတ်က Lisa ကိုအ​တော်​​လေး​ပျော်ရွှင်​စေသည်

အိပ်ရာမှနိုးကတည်းက Young ဆီကို good morning ဆိုသည့် message ​လေးပို့ပြီး

ဘွား​ဘေးအတွက် မနက်စာပြင်​ပေးရန်​အောက်ထပ်သို့ဆင်းလာခဲ့သည်

"Dami ​ရေ မနက်စာပြင်​​နေပြီလား"

Kitchen ထဲဝင်လာတဲ့   Lisa ကို Dami က မျက်လုံးမျက်ဆံပြူးနဲ့ကြည့်​နေ​လေသည်

"Hey Dami "

"​အော် မမ​လေး ဟုတ် အခုပဲစပြီးပြင်ဆင်​နေတာ​လေ မမ​လေးက အ​စောကြီးထပြီး ဘာလို့လဲ ဗိုက်ဆာ​နေပြီလား"

"မဟုတ်ပါဘူး Li ကူပြင်​ပေးမလို့​လေ မနက်စာအတွက်"

"မမ​လေး ဒီရက်ပိုင်း အရမ်းထူးဆန်း​နေသလိုပဲ"

"ဟုတ်လား ဘယ်လိုဖြစ်​နေလို့လဲ"

"အရမ်း​ပျော်​နေတဲ့ပုံ​ပေါက်​နေတယ် စစချင်း ကိုရီးယားကို ပြန်​ရောက်စကပုံစံနဲ့တစ်ခြားစီပဲ​နော်"

Lisa ကင်စက်ထဲမှ ​ပေါင်မုန့်ကို ​သေချာ​လေးထုတ်ရင်း

"အဲ့​​လောက်​တောင်လား Dami "

"အင်း Dami အထင် မမ​လေး ​ပျော်စရာရှိနေတာလား"

"အင်း ဟူတ်တယ် Li ကို​ပျော်ရွှင်​စေမယ့် အရာ​လေးရှိ​နေလို့​လေ "

Young က Lisa အတွက်​တော့ ​ပျော်စရာ ချစ်မြတ်နိုးရာ တွယ်တာရာ ​လေးပင်ဖြစ်သည်

"မဟုတ်မှ ရည်းစားများရ​နေတာလား"

Lisa Dami ရဲ့ပါးစပ်ကိုအလျင်အမြန်ပိတ်လိုက်ရသည်

"တိုးတိုး​ပြောပါ ဘာလို့အကျယ်ကြီးလဲ"

"အဲ့ဒါဆိုတကယ်ကြီး ရည်းစားရ​နေတာလား ညဘက်​တွေခ်ိုးထွက်​နေတာက​ရော သူ့ဆီသွား​နေတာ​ပေါ့ ဟုတ်လား"

"အဲ့ဒါ​တော့ အခုမ​ပြောနိုင်​သေးဘူး ကဲပါ Dami shi စကားမများနဲ့ ခန​နေ ဘွား​လေးမနက်စာစားဖို့​ဆင်းလာ​တော့မှာမြန်မြန်လုပ်"

Young Belongs To LiLiTempat cerita menjadi hidup. Temukan sekarang